12

6.5K 1.1K 67
                                    

Unicode

ညစာစားပြီးနောက် ခြူးမုယွင်နှင့် ရန်ကျွင်းချင်တို့က လမ်းခွဲလိုက်ကြသည်။ သူ့ရဲ့အိပ်ဆောင်သို့ တစ်ယောက်တည်း လမ်းလျှောက်ပြန်လာစဉ် Zero လေး၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မော့ကျိုးရှောင်ရဲ့ ပုံတူပန်းချီမှာ ထောင့်စွန်းတစ်ဖက် မီးလင်းလာပြီ.."

ခြူးမုယွင်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

Zero လေးက ပျော်ရွှင်စွာဖြင့် : "ကျွန်တော် ခန့်မှန်းကြည့်ရသလောက် မနေ့ညက မင်းရဲ့အားထုတ်မှုက အချည်းနှီးမဖြစ်ဘူးပဲ.."

(TN : အစားခံရပြီးပြီပဲ ထင်နေတာ။ Lol..)

ကြုံတောင့်ကြုံခဲပင် ခြူးမုယွင်တစ်ယောက် ပြန်လည်တုံ့ပြန်ရန် ခက်ခဲနေခဲ့သည်။

Zero : "အချစ်က လုပ်ယူလို့ရတယ်တဲ့.. ကျွန်တော်ထင်တယ်.. မင်းသာ ဆက်ပြီးအားထုတ်ကြိုးပမ်းရင်......."

ခြူးမုယွင် : "ကလေးတွေက ထူးဆန်းတဲ့စာအုပ်တွေကို မဖတ်သင့်ဘူး.."

Zero : "............"

ခြူးမုယွင်က ထပ်ပြောလိုက်သည် : "အချစ်သာ တကယ်လုပ်ယူလို့ရရင် ငါ့အသက်အရွယ်တစ်လျှောက် အချစ်စစ်နဲ့ချစ်ခဲ့ရတဲ့လူတွေ အရမ်းများနေမှာပေါ့.."

အပေါ်ယံ၌ Zero လေးကို စနောက်နေပါသော်ငြား ခြူးမုယွင်၏အတွေးများမှာ ပြန့်ကျဲနေခဲ့သည်။

'မာနတရား'ရဲ့ နှလုံးသားက ဘယ်လိုလုပ် စတင်လှုပ်ခတ်လာခဲ့တာလဲ..? ဘာကြောင့်လဲ..?

မနေ့ညက ဘာမှမဖြစ်ခဲ့တာကို ထည့်မပြောနဲ့တော့။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် တစ်ညတာချစ်ခြင်းက လူယုတ်မာကောင်ရဲ့နှလုံးသားကို လှုပ်ရှားစေလိမ့်မယ်လို့ ခြူးမုယွင်ကတော့ လုံးဝမယုံနိုင်ဘူး။

အဲ့တော့ တခြားအကြောင်းအရင်းတစ်ခု ရှိနေတာလား၊ ဒါပေမဲ့ ဘာကြောင့်လဲ..?

ခြူးမုယွင်က အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်လိုက်သော်ငြား ပုံမှန်မဟုတ်သည့်ကိစ္စမျိုးကို လုံးဝမတွေးမိခဲ့ချေ။ သူ့ရဲ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့သည့် ထိုဖြစ်ရပ်ကြောင့် ခြူးမုယွင်လည်း နိုးနိုးကြားကြား ဖြစ်သွားခဲ့ရသည်။ သူ,မသိလိုက်သည့်အချိန်အတွင်း တစ်စုံတစ်ရာ ဖြစ်သွားခဲ့ချေပြီ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Wo Geschichten leben. Entdecke jetzt