19

6.3K 1.1K 62
                                    

Unicode

မော့ကျိုးရှောင်က ရန်ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ရန်ချန်း၏နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့ပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ရန်ချန်းတစ်ယောက် စိတ်ဓာတ်တက်ကြွနေခဲ့သည်။

“လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပေါ့၊ ရန်ကျွင်းချင်ရဲ့မီးလျှံက အဆက်မပြတ် လှုပ်ရှားလာခဲ့လို ပြင်းထန်ဆိုးဝါးလွန်းတာကို ရှောင်ယွင်က သတိပြုမိသွားခဲ့တယ်.. အစ်ကိုသိလား ရှောင်ယွင်ကလေ ငယ်ငယ်လေးထဲက ဆေးစာအုပ်တွေ ဖတ်လာခဲ့လို့ထင်တယ်.. သူ့ရဲ့သဘောပေါက်နိုင်စွမ်းက အရမ်းမြင့်မားတာပဲ.. အချိန်ခနလေးနဲ့ ကျွန်တော်တို့နှစ်ယောက်တောင် အဲ့မီးလျှံကို မထိန်းချုပ်နိုင်ဘူးဆိုတာ သိရှိသွားခဲ့တယ်..”

မော့ကျိုးရှောင်၏ ထက်ရှလှသည့် မျက်ဝန်းများက မှေးကျဉ်းသွားခဲ့ပြီး..

“သူမင်းကို အကူအညီတောင်းမှာမဟုတ်ဘူး..”

မီးလျှံကို ထိန်းချုပ်ချင်ရုံပဲဆိုရင် ခြူးမုယွင်က အကူအညီ လိုက်မရှာလောက်ဘူး။

ရန်ချန်း : “မီးလျှံကို ထိန်းချုပ်ရင်းနဲ့ အန္တရာယ်ရှိလာခဲ့ရင်ရော..?”

မော့ကျိုးရှောင်က နှာခေါင်းရှုံ့လိုက်ပြီး : “အဲ့တော့ မီးလျှံက ငါ့ကိုအန္တရာယ်ပေးလာနိုင်တယ်လို့ မင်းထင်နေတာလား..?”

“အန္တရာယ်ရှိနိုင်တယ်..”

ရန်ချန်းက ပြုံးလိုက်သည်။ သူပြောလိုက်သည်နှင့် မော့ကျိုးရှောင်လည်း တိတ်ဆိတ်သွားခဲ့သည်။

ခြူးမုယွင်က သူ့ရဲ့ကျင့်ကြံဆင့်အတိမ်အနက်ကို နားမလည်နိုင်သော်လည်း ရန်ချန်းလောက် သူ့အကြောင်းကိုနားလည်တဲ့လူ ကမ္ဘာပေါ်မှာမရှိနိုင်ပေ။ ရန်ချန်းကသာ ထိုသို့ပြောလာခဲ့လျှင်…

ရန်ချန်းက ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပဲ ဆက်ပြောလိုက်သည်။

“အဲ့တာကိုကြည့်ချင်လို့ ရောက်လာခဲ့တာ.. မီးလျှံကို ထိန်းချုပ်ရတာ မခက်ခဲပါဘူး.. ဒါပေမဲ့ ရှောင်ယွင်ရဲ့ကျင့်ကြံဆင့်က မလုံလောက်သေးဘူး.. ဉာဏ်ကောင်းတဲ့ကလေးက ရှားပါးစိတ်ဝိဉာဉ်စုစည်းခြင်းအစီအရင်တစ်ခုကို ခင်းကျင်းခဲ့ပြီး မှော်ကျောက်တုံးတွေရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်ခဲ့တယ်.. နောက်ဆုံးတော့ မီးလျှံကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်.. ဒါပေမဲ့ အဆုံးသတ်ခါနီးလေးမှာမှ ငြိမ်သက်သွားတဲ့မီးလျှံက ရုတ်တရက် ထကြွလာခဲ့ပြီး ရှောင်ယွင်ရဲ့စိတ်ဝိဉာဉ်မှာ တံဆိပ်ရိုက်နှိပ်လိုက်သလို တိုက်ရိုက်စွဲကပ်သွားခဲ့တယ်..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now