145

3K 646 25
                                    

Unicode

သူ့ဘေးနားက လူတစ်စု။

ရှန်ရွှိန်ယန်း၊ ရှဲ့ချင်းလန်၊ လင်းရွှမ်…

ထိုလူသုံးယောက်သည် ‘လူတစ်စု’ ဟူသောစကားလုံးကို အသုံးပြုရန် ပမာဏပြည့်မီတယ်ဆိုရုံမျှသာ။

ခြူးမုယွင်က ထူးပြီးအံ့သြမနေခဲ့။ မည်မျှအတိုင်းအတာထိ ယဲ့ကျန့်ဟန် သိထားသလဲဆိုတာ သူသိချင်သေးသည်။ ထို့ကြောင့် စကားအစ်ရန် ထပ်ကြိုးစားလိုက်သည်။

“‘ရှန်ယွင်’ကို သိတယ်ဆိုတော့ သူ့ဘဝ အဖြစ်ဆိုးခဲ့တာကိုလည်း သိထားမှာပေါ့နော်..”

ယဲ့ကျန့်ဟန်က ခြူးမုယွင်၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး..

“မင်းက ‘ရှန်ယွင်’ဆိုတာ ဝန်ခံလိုက်တာလား..?”

ခြူးမုယွင်က ပြုံးသည်။

“မင်းပြောတဲ့အတိုင်းဆို ‘ရှန်ယွင်’ရဲ့အတိတ်ကို သိထားသူတိုင်း ‘ရှန်ယွင်’ ဖြစ်ကုန်တော့မှာပေါ့..? ဒါနဲ့ မင်းရော ‘ရှန်ယွင်’လား..?”

ခြူးမုယွင် ငါးစာမဟပ်သည့်အပေါ် ယဲ့ကျန့်ဟန်က စိုးရိမ်မနေ။ သူက ခပ်ဖြေးဖြေး ပြန်ပြောခဲ့သည်။

“ငါက သူနဲ့ရုပ်ချင်းဆင်မနေဘူး..”

ခြူးမုယွင်ကလည်း အရူးကွက်နင်းလိုက်သည်။

“ဒီလောကကြီးမှာ ရုပ်ချင်းဆင်တဲ့လူတွေမှ အများကြီးပဲ.. မောင်နှမသားချင်းတွေရော ရုပ်ချင်းမတူလို့လား..?”

ယဲ့ကျန့်ဟန် : “ရေခဲဝိဉာဉ်သားရဲမှာ သွေးရင်းညီအစ်ကိုမရှိဘူး..”

ခြူးမုယွင် : “ဒါပေါ့.. ငါက ရေခဲဝိဉာဉ်သားရဲမဟုတ်ဘူးလေ..”

ယဲ့ကျန့်ဟန်က ခြူးမုယွင်ကို ဖိအားပေးလာသည်။ : “ဒါဆို မင်းကဘယ်သူလဲ..?”

ခြူးမုယွင်က သူ့ကို ပြုံးပြလိုက်ပြီး.. : “ငါက အမှန်အတိုင်း ပြောပြနေတာပဲလေ.. မင်းမှလက်မခံချင်တာ.. ငါ့ကို ‘ရှန်ယွင်’ဆိုပြီး အတင်းဝန်ခံခိုင်းနေတော့ရော မင်းအတွက် ဘာအကျိုးရှိလဲ..?”

ယဲ့ကျန့်ဟန်က အပြစ်ကင်းစွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now