97

3.9K 802 56
                                    

Unicode

မိစ္ဆာနယ်မြေ၏ အရှင်သခင်ခုနစ်ပါးဖြစ်လာရန် နှစ်ပေါင်းတစ်ထောင်ခန့် လိုသေးပါသော်လည်း လက်ရှိအချိန်မှာတော့ ဂုဏ်ပုဒ်ငယ်လေးများ အသီးသီး ပိုင်ဆိုင်ထားပြီးသားဖြစ်၏။

ရှန်ရွှိန်ယန်းသည် အလွန်ကျော်ကြားသော ဂိုဏ်းကြီးတစ်ခုတွင် ကြီးပြင်းလာခဲ့ပြီး သူ၏ငယ်ဘဝက အထူးအခွင့်အရေးများဖြင့် အလိုလိုက်ပစားပေးခံခဲ့ရသည်။ အရွယ်ရောက်လာပြီးနောက် နတ်ဘုရားတမျှ စွမ်းအင်များဖြင့် အသင်္ချေတောင်ထွတ်များ၏ အမြင့်ဆုံးတောင်ထိပ်တွင် အံ့ဖွယ်ခမ်းနားလွန်းသော နန်းတော်တစ်ခုကို ကိုယ်တိုင် တည်ထောင်ခဲ့လေသည်။ တစ်နှစ်ပတ်လုံး စီးဆင်းနေသော စမ်းရေနှင့် မြူနှင်းမှုန်များကြောင့် ယင်းနေရာသည် ဒဏ္ဍာရီပုံပြင်လာ နတ်သမီးတို့၏ တိုင်းပြည်သဖွယ်၊ ထို့ကြောင့် ဝုချင်းနန်းတော်*ဟု ခေါ်တွင်ခဲ့၏။ ရှန်ရွှိန်ယန်း၏ နာမည်အရင်းသည် လူသိနည်းပါသော်လည်း သူ၏အစီအရင်ပညာက ဝိဉာဉ်နယ်မြေတစ်ခွင်ကို တုန်လှုပ်စေခဲ့သောကြောင့် သူ့အား ‘ဝုချင်းကျွင်း’*ဟူ၍ ခေါ်ဆိုကြလေသည်။

သို့သော် ထိုဂုဏ်ပုဒ်၏ နောက်ကွယ်တွင် လှည့်ကွက်တချို့ ရှိနေသေးသည်။ ထိုနာမည်ကို တခြားရည်ရွယ်ချက်များဖြင့် ခေါ်ဆိုနေကြခြင်းဖြစ်သည်။

ပကတိမြူနှင်းနန်းတော်၏ အရှင်သခင် သို့မဟုတ် အကြင်နာမဲ့လွန်းသူ။

(TN : ဒီနေရာမှာ Chinese sub အထိ သွားလှန်ရှာခဲ့ပါတယ်။ သူက ‘雾清’ Wù qīng နဲ့ ‘无情’ Wú qíng ကို သံတူကြောင်းကွဲ သုံးထားတာပါ။ နတ်ဘုံတမျှ လှပလွန်းတဲ့နယ်မြေရဲ့ အရှင်သခင်ဖြစ်တာကြောင့် ‘Wù qīng jūn’ 'ဝုချင်းကျွင်း' = ပကတိမြူနှင်းနန်းတော်၏ အရှင်သခင် လို့ နာမည်တွင်ခဲ့ပြီး လူအများခေါ်တဲ့ ‘Wú qíng jūn’ 'ဝူချင်ကျွင်း' ကတော့ ‘အကြင်နာမဲ့လွန်းသူ’ ဆိုတဲ့အဓိပ္ပါယ်မျိုးပါ။ ကူညီပေးတဲ့ အိုက်ရှီလေးနဲ့ ကလေးပေါက်လေးကို ကျေးဇူးတင်ပါတယ်။)

မော့ကျိုးရှောင်သည် လူသားတို့၏သဘာဝကို အထင်သေးစက်ဆုပ်သော်လည်း ဘယ်သောအခါမှ ထုတ်ဖော်ပြခြင်းမရှိပေ။ သို့သော် ရှန်ရွှိန်ယန်းကတော့ စိတ်တိုင်းကျ ပြုမူတတ်ပါ၏။ သူကြိုက်လျှင် ကြိုက်ကြောင်းပြသည်။ မကြိုက်လျှင်လည်း ခါးခါးသီးသီးပင်။ ထို့သို့ စိတ်ရူးပေါက်နေသလို စရိုက်မျိုးကြောင့် ဂုဏ်သတင်းကြီးမားလာသည်နှင့်အမျှ ရန်သူများလည်း တိုးပွားလာခဲ့ရသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now