165

2.7K 598 39
                                    

Unicode

ယောင်မိစ္ဆာနယ်မြေတွင် ငွေရောင်ဆံပင်သည် အထူးအဆန်းမဟုတ်။ ငွေရောင်မျက်ဝန်းများစွာလည်း ရှိကြပါ၏။ ထို့ကြောင့် ငွေရောင်ဆံပင်ရော ငွေရောင်မျက်ဝန်းပါ ပိုင်ဆိုင်ထားသူသည် ကျွင်းမော့တစ်ဦးတည်း မဟုတ်ချေ။

ကျွင်းမော့သည် အလွန်ချောမောလွန်း၍ လူတိုင်း၏အမြင်အာရုံကို ဖမ်းစားနိုင်လောက်သည်။ သို့သော် ရှန်ရွှိန်ယန်း အာရုံစိုက်မိသည်မှာ ထိုအရာမဟုတ်ခဲ့ချေ။ ကျွင်းမော့ကိုမြင်သည်နှင့် ရပ်တန့်သွားခြင်းမှာ ကျွင်းမော့ကို သူ သိနေသောကြောင့်ပင်။ သို့တည်းမဟုတ် ‘ကောင်းကင်ကပ်ဘေး’ ခန္ဓာကိုယ်ပိုင်ရှင် လူငယ်လေးကျွင်းမော့ကို သိထားသည်ဟု ဆိုရပေမည်။

ခြူးမုယွင်သည်လည်း ရှန်ရွှိန်ယန်း၏ အကြည့်လားရာကို သတိပြုမိသောကြောင့် အနည်းငယ် ထိတ်လန့်သွားရ၏။ ပြီးနောက် တောင့်ခဲနေတော့သည်။

သတိမမူမိဘဲ အမှားတစ်ခု လုပ်ခဲ့မိချေပြီ။

‘ရှန်ယွင်’သည် ကျွင်းမော့ကို ပုံရိပ်ယောင်နန်းတော်တွင် နေထိုင်စေခဲ့သည်။ ရှဲ့ချင်းလန်ပင် ကျွင်းမော့နှင့် သိပ်မတွေ့ဖြစ်သောကြောင့် ရှန်ရွှိန်ယန်းဆိုလျှင် ပြောနေစရာမလိုတော့။ ထို့ကြောင့် ကျွင်းမော့ကိုမသိသည့် လူစာရင်းတွင် ရှန်ရွှိန်ယန်းကိုပါ ထည့်တွက်လိုက်မိပြီး ကျွင်းမော့အား ဖွက်ထားရန် မကြိုးစားခဲ့ပေ။ သို့သော် သူ မျက်စိလျှမ်းသွားခဲ့သည်။

နှစ်ပေါင်းတစ်ထောင်အတွင်း ရှန်ရွှိန်ယန်းသည် ‘ရှန်ယွင်’နှင့်ပက်သက်သမျှ စကြာဝဠာအဆုံးထိ မြေလှန်ရှာခဲ့မည်ပင်။ လူတိုင်းသိသည့် ကိစ္စဖြစ်စေ၊ ဖုံးကွယ်ထားသည့် ကိစ္စဖြစ်စေ၊ မည်သည့်လျှို့ဝှက်ချက်မဆို ရှန်ရှိန်ရွှိန်း သိနေလိမ့်မည်။ ထို့ကြောင့် ‘ရှန်ယွင်’ မွေးစားခဲ့ဖူးသည့် လူငယ်လေးကို လျစ်လျူရှုထားမည်မဟုတ်ပေ။

ရှန်ရွှိန်ယန်းခမျာ ကျွင်းမော့အား ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားလျှင် ‘ရှန်ယွင်’ ပြန်ရောက်လာချိန် ပျော်ရွှင်ရလိမ့်မည်ဟူသော အတွေးမျိုးဖြင့် ပုံရိပ်ယောင်နန်းတော်မှ ခိုးထုတ်လာခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now