172

2.5K 598 49
                                    

Unicode

ကျွင်းမော့ ထွက်မသွားခဲ့ချေ။ တကယ်တော့ အကွာအဝေးတစ်ခုထိ ထွက်သွားခဲ့ပြီးမှ အရှိန်အဝါဖျောက်ကာ ပြန်ရောက်လာခြင်းဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

အဘယ်ကြောင့်နည်း။ ‘လင်းမု’အတွက် စိုးရိမ်နေခြင်းမှလွဲ၍ တခြားအကြောင်းပြချက်မရှိ။

ခြူးမုယွင်ပြောသမျှ အကြွင်းမဲ့ ယုံကြည်သလို စကားလည်း နားထောင်ခဲ့သည်။ သူ ဆက်ရှိနေလျှင် ခြူးမုယွင် အာရုံပျံ့လွင့်ပြီး နေရာပြောင်းအဆောင်ကို အသက်မသွင်းနိုင်မည်စိုး၍ ထွက်သွားခဲ့သည်။ သို့သော် အဆုံးမှာတော့ စိတ်မချနိုင်ခဲ့ပေ။ ခပ်ဝေးဝေးရောက်မှ တိတ်တဆိတ် ပြန်လှည့်လာခဲ့၏။ ခြူးမုယွင် လွတ်မြောက်သွားမည့်အချိန်ကို စောင့်ကြည့်လိုခဲ့သော်လည်း သူ တွေ့လိုက်ရသည်ကား… နေရာပြောင်းအဆောင်ဟူ၍ လုံးဝမရှိခဲ့ပေ၊ နေရစ်ခဲ့သော ထိုအမျိုးသားသည် သေခြင်းတရားကိုသာ အကြောက်အလန့်မရှိ ရင်ဆိုင်နေခဲ့သည်။

ကျွင်းမော့က ငတုံးမဟုတ်ပေ။ သေသေချာချာ ပြန်တွေးကြည့်ပြီးနောက် သူ အဘယ်သို့ နားမလည်ဘဲနေမည်နည်း။

လင်းမုက သူ့ကို လိမ်ညာခဲ့သည်။ မုသားစကားလုံးများဖြင့် အယုံသွင်းခဲ့သည်။ သို့သော် ထိုသို့လိမ်ညာရခြင်း၏ ရည်ရွယ်ချက်မှာ သူ့အား အသက်ရှင်လွတ်မြောက်စေလို၍ ဖြစ်၏။

သေခြင်းတရားဟူသည် မည်မျှကြောက်စရာကောင်းလိုက်သနည်း။

သို့သော် ထိုအမျိုးသားက လွယ်လင့်တကူ ရွေးချယ်သွားခဲ့သည်။

ကျွင်းမော့ခမျာ သူ၏ခံစားများကိုပင် မဖော်ပြတတ်တော့ပေ။ အလွန်စိုးရိမ်ပူပန်ရသလို အရမ်းလည်း ဒေါသထွက်မိသည်။ ရှည်ကြာလွန်းခဲ့သော သူ၏ဘဝသက်တမ်းတစ်လျှောက် ဤမျှပြင်းရှလွန်းသော စိတ်ခံစားချက်မျိုး မခံစားခဲ့ရဖူးပေ။ သို့သော် ယခုတော့ အနှီခံစားချက်များကို မြည်းစမ်းလိုက်ရချေပြီ။ ခါးသက်မှုများသည် လျှာဖျားထိပ်မှတဆင့် ပျံ့နှံ့သွားပြီး သူပြောလိုက်သည့် စကားလုံးများကိုပင် ပြင်းထန်လာစေခဲ့၏။

“ခင်ဗျားသေသွားရင် ကျွန်တော် ဘယ်လိုအသက်ဆက်ရှင်ရမလဲ..?”

ကျွင်းမော့ ထိုသို့ပြောလာသောအခါ ခြူးမုယွင်သာမက ရှဲ့ချင်းလန်ပင် တောင့်ခဲသွားရ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Nơi câu chuyện tồn tại. Hãy khám phá bây giờ