15

6.2K 1K 43
                                    

Unicode

ထိုကောင်စုတ်လေး စိတ်ထနေပြီဖြစ်ကြောင်း ခြူးမုယွင်က သိနေခဲ့သည်။

သို့သော်လည်း ကိစ္စမရှိပါ။ စိတ်ကြွနေတော့လည်း အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေတာပေါ့။

ရန်ချန်းက ကြီးမားထည်ဝါသည့် အနက်ရောင်ကျောက်စိမ်းထိုင်ခုံကြီးပေါ်၌ ထိုင်နေလေ၏။ ဝတ်ဆင်ထားသည့် ဝတ်ရုံရှည်က ကြမ်းပြင်ပေါ်မှာ ပုံလျက်သား၊ ဖြူဖျော့ဖျော့ လက်ချောင်းသွယ်သွယ်များဖြင့် မေးစေ့ကိုထောက်ထားရင်း မော့ကြည့်နေလေသည်။ သူ့ရဲ့ဟန်ပန်က ကောက်ကျစ်စဉ်းလဲသလို ရွှတ်နောက်နောက်ပုံစံလည်း ဖြစ်နေသည်။

“မတွေ့ရတာ လေးနှစ်တောင်ကြာခဲ့ပြီနော်.. ကိုယ့်ရဲ့ရှောင်ယွင်လေး အရွယ်ရောက်လာပြီပဲ..”

ခြူးမုယွင်က အဖြူထည်ပန်းလေးကဲ့သို့ စိုးရိမ်ပူပန်နေသည့်စိတ်ကို ထိန်းချုပ်ထားရသလို ခေါင်းလေးငုံ့လိုက်ကာ အသံမာမာဖြင့် ပြန်ပြောလိုက်သည်။

“ဦးလေးဆီက အကူအညီတောင်းချင်လို့ပါ..”

သူလိုချင်သည့်အရာကို တည့်တိုးပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ရန်ချန်းက မတ်တပ်ရပ်လိုက်ပြီး လှေကားတစ်ထစ်ချင်းဆင်းကာ ခြူးမုယွင်အနားသို့ လျှောက်လာခဲ့လေသည်။

တစ်စုံတစ်ယောက်ကို ခေါင်းအစခြေအဆုံး စိုက်ကြည့်ခြင်းက တစ်ဖက်လူကို စိတ်ဖိစီးစေသည်။ ခြူးမုယွင်က ထိုလှည့်ကွက်နှင့် ရင်းနှီးနေတာကြောင့် ကျွမ်းကျင်စွာပင် စိုးရိမ်ထိတ်လန့်နေသလို ဟန်ဆောင်နေခဲ့လိုက်သည်။

ရန်ချန်းတစ်ယောက် ခြူးမုယွင်၏ မျက်နှာချောချောလေးပေါ်မှ အကြည့်မလွှဲနိုင်အောင် ဖြစ်နေခဲ့လေ၏။

လူငယ်လေး၏အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်ပြီး သူ့ရဲ့အေးစက်စက်လျှာဖျားလေးဖြင့် ခြူးမုယွင်၏နားရွက်ထိပ်ကို ပွတ်ဆွဲလိုက်သည်။ သူ့ရဲ့အသံက ခြူးမုယွင်၏နားစည်အတွင်း အေးစက်စက် အငွေ့အသက်များနှင့်အတူ တရစ်ရစ်ဝဲလည်နေတော့သည်။

“ဆရာတူအစ်ကို မလုပ်ပေးနိုင်တာ ရှိသေးလို့လား..?”

ခြူးမုယွင်၏စိတ်က ထိုနေရာမှအမြန်ထွက်ပြေးရန် အော်ဟစ်နေသော်ငြား ခန္ဓာကိုယ်က အကူအညီလိုအပ်နေသေးသည့်အတွက် ထိုနေရာမှာပင် တောင့်ခဲနေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Tahanan ng mga kuwento. Tumuklas ngayon