150

2.9K 630 49
                                    

Unicode

ယခင်တစ်ခေါက် မြေခွေးလေးထံမှရရှိခဲ့သော ကံကောင်းခြင်းဆေးလုံးသည်  အသုံးပြုရလွယ်သော်လည်း ဘေးထွက်ဆိုးကျိုးက သိပ်မသေးခဲ့ပေ။ ထိုအချိန်က လင်းရွှမ်သာ မရှိခဲ့လျှင် တကယ်ကြီး ပြဿနာတက်သွားနိုင်သည်။

ပထမတစ်ကြိမ် သင်ခန်းစာရပြီးဖြစ်၍ ထိုအမှားမျိုး ထပ်မံဖြစ်စေတော့မည်မဟုတ်။

အဆုံးသတ်ဆန်းစစ်ချက်အရ မြေခွေးလေး၏ကျင့်ကြံဆင့် မလုံလောက်သောကြောင့် ကံကောင်းခြင်းဆေးလုံးက အရည်အသွေး မပြည့်မီသေးတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့အပေါ်ပဲ အနှီမြေခွေးလေး မှီခိုအားထားနေ၍ မဖြစ်တော့ပေ။ သူကိုယ်တိုင် အခြေခိုင်အောင် ကျင့်ကြံသင့်ချေပြီ။

သို့နှင့် ခြူးမုယွင်လည်း မြေခွေးလေးကို အနီးကပ်တွန်းအားပေးတော့သည်။

ခြူးမုယွင်က နေဝင်ဆည်းဆာမြို့မှာ ဆက်နေခဲ့ပြီး ဤခြံဝင်းလေးထဲမှာပင် တည်းခိုခဲ့သည်။ ထို့ကြောင့် မြေခွေးလေးနှင့် အချိန်တော်တော်များများ အတူရှိနေတော့သည်။

မြေခွေးလေးသည် ညအချိန်ဆိုလျှင် ညီအစ်ကိုနှစ်ယောက်နှင့် ကော်ကပ်ထားသလို ပူးကပ်နေလေပြီး နေ့အခါလည်း ယခင်လို လျှောက်မသွားရဲတော့။ ခြူးမုယွင် သူ့ကိုစစ်ဆေးတိုင်း မြေခွေးလေးမှာ သတ္တိကောင်းလာပြီး အပြောင်အပျက်များပင် စနောက်ရဲလာသည်။

“ကိုကြီးအားမု.. ဟိုတစ်ခေါက်က ဆံပင်နီနီ ရုပ်ချောချောအစ်ကိုကြီးနဲ့ ဘာဖြစ်ကြတာလဲဟင်..?”

သူက လင်းရွှမ်အကြောင်း ပြောနေခြင်းပင်။

ထိုအချိန်က ခြူးမုယွင်သည် မြေခွေးလေးကို သတိလစ်အောင် လုပ်ခဲ့ပါသော်လည်း လင်းရွှမ်နှင့် တစ်ညလုံးအတူနေခဲ့သည်။ မြေခွေးလေးသည် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသည့် ပညာဟူ၍ သိပ်မရှိပါသော်လည်း အနံ့ခံအာရုံကတော့ တခြားသူများ မယှဉ်သာအောင် ကောင်းမွန်လှသည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူနှစ်ယောက်ကြား ဘာဖြစ်ခဲ့သလဲဆိုတာ နားလည်နိုင်ခဲ့လေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now