63

4.3K 909 26
                                    

Unicode

ညသန်းခေါင်အလယ် ရှန်ရွှိန်ယန်း သူ့အခန်းထဲမှ ထွက်လာကတည်းက ခြူးမုယွင်လည်း နောက်ယောင်ခံလိုက်ခဲ့ခြင်းပင်။

နေ့လည်ကဖြစ်ရပ်အပေါ် ရှန်ရွှိန်ယန်းက ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့် စိတ်ထဲမထားဘူးဆိုတာ မဖြစ်နိုင်ဘူးလေ..!

‘အလိုလောဘ’ရဲ့ အပိုင်စီးလိုစိတ် ကြီးမားပုံကို ခြူးမုယွင် မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ..?”

ဖြစ်ပျက်ခဲ့သမျှတွေက မျှော်လင့်ထားတဲ့အတိုင်းပဲ..!

Zero : “အကောင်သေးတယ်ဆိုပြီး လျော့မတွက်ရဲတော့ဘူး..!”

ခြူးမုယွင် : “အသက်ငယ်သွားလည်း အရူးတစ်ယောက်က ‘အရူးပေါက်စလေး’ အဖြစ် ပြောင်းလဲသွားရုံပဲ..”

Zero : “သေချာတာပေါ့.. ဒါက သူ့ဇာတ်ကောင်ရဲ့ အနှစ်သာရပဲလေ……….” အရူးပေါက်စက အရူးကြီးထက် ပိုကြောက်ဖို့ကောင်းတယ်.. QAQ !

ရှင်းလင်းသင့်သည်များကို ရှင်းလင်းပြီးနောက် ခြူးမုယွင်က ကိုယ်ယောင်ဖျောက်ကာ ရှန်ရွှိန်ယန်း၏အိပ်ဆောင်သို့ ဦးတည်လိုက်သည်။

လောဘပေါက်စလေးကား သူလုပ်ချင်ရာလုပ်ပြီးနောက် အိပ်မောကျနေလေ၏။

ခြူးမုယွင်က အခန်းတံခါးကို အသာအယာတွန်းဖွင့်၍ အသံမထွက်အောင် ဝင်သွားလိုက်သည်။

လရောင်သည် ရေတံခွန်သဖွယ် ဖြာကျလျက် ကောင်ငယ်လေး၏ ခန္ဓာကိုယ်အား ခြုံထည်သဖွယ် လွှမ်းခြုံထား၏။ ဖြူစွတ်သော အသားအရေသည် လရောင်အောက်တွင် အလွန်လှပလွန်းပေသည်။ မျက်စိပသာဒဖြစ်ဖွယ် အနှီမြင်ကွင်းက လူတစ်ယောက်၏ စိတ်နှလုံးကို နွေးထွေးသွားစေသည်။

ခြူးမုယွင်က တိတ်တဆိတ် ရပ်ကြည့်နေခဲ့သည်။ အလင်းရောင်ကို ကျောပေးထားရာ သူ့မျက်နှာပေါ်မှ အမူအယာကို ဖမ်းဆ၍မရနိုင်ခဲ့ပေ။

ရုတ်တရက် အိပ်မက်ယောင်သကဲ့သို့ ရှန်ရွှိန်ယန်းသည် အသာအယာ လူးလွန့်လာ၏။ လက်ချောင်းလေးများက ပါးလျသော အရာတစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ကွေးကွေးလေး အိပ်စက်နေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now