152

2.8K 819 15
                                    

Unicode

ပင်ပင်ပန်းပန်း မရှာဖွေလိုက်ရဘဲ ကျွင်းမော့ကို ရှာတွေ့ခဲ့လေသည်။

ကျွင်းမော့သည် အပျက်အစီးပုံကြား ထောင့်တစ်နေရာတွင် ကျုံ့ကျုံလေးထိုင်နေပြီး အနီးအနားတွင် မည်သူမျှမရှိပါချေ။ ဆံနွယ်ရှည်များက ရေတံခွန်ပမာ ဝဲဖြာကျလျက်၊ ခန္ဓာကိုယ်လေးက ယခင်ထက် ပိုမိုပိန်ပါးသွားခဲ့သည်။ ထို့အပြင် ငွေရောင်ဆံနွယ်များသည် အလွန်ရှည်လျားလွန်းရကား မြေပြင်ပေါ်မှ ရွှံ့ဗွက်များနှင့် ရောယှက်နေတော့၏။ ငွေမှင်ရောင်နှင့် မြေကြီးညိုရောင်… ကွာခြားချက်က ကြီးမားလွန်းလှစွာ၊ မြင်သူတိုင်း မကြည့်ရက်အောင် ဖြစ်စေသည်။

ကျွင်းမော့ကို ပထမဆုံးမြင်ဖူးသူတိုင်း သနားမိပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သူ၏အသွင်အပြင်က ပိန်ပိန်သေးသေးလေးဖြင့် သနားချင့်စဖွယ် နှစ်လိုဖွယ်ကောင်းလှသည်။ သူ၏မျက်နှာသည် ခံစားချက်ကင်းမဲ့ပါသော်လည်း ကြည်လင်တောက်ပသော ငွေရောင်မျက်ဝန်းအိမ်က ဝမ်းနည်းပူဆွေးခြင်းများ လျှံကျနေသယောင်၊ သူ့ကိုမြင်သူတိုင်း ထွေးပွေ့ပေးချင်လာအောင် စေစားနေလေ၏။

ဤသည်ကား လူကောင်းတစ်ယောက်၏ အတွေးပါပင်။ ဒါပေါ့ လောကတွင် မကောင်းသူများလည်း ရှိနေသေးရာ ထိုသူများကတော့ သူ့အပေါ် အနိုင်ကျင့်စော်ကားရန်သာ အတွေးရှိပေလိမ့်မည်။

ထိုသို့သော အသွင်အပြင်မျိုးနှင့် ထိုသို့သော အနေအထားမျိုးတွင်၊ သနားစိတ်နှင့် ယုတ်မာခြင်းများသာ ဖြစ်ပေါ်လာစေလိမ့်မည်။

ဗွက်အိုင်ထဲ ကျောက်လှလှလေးတစ်တုံး ပြုတ်ကျနေသလို၊ လူအများက သူ့အား ပိုမိုညစ်နွမ်းအောင် တန်ဖိုးမဲ့အောင် ချနင်းချင်နေတော့သည်။ ဆိုးရွားသော စိတ်ခံစားချက်များဖြင့် အကြမ်းဖက်ချင်လာအောင် ဖန်တီးနေတော့သည်။

သို့သော် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ ကျွင်းမော့အတွက်တော့ အတူတူချည်းသာ။

သူ့တွင် ကျင့်ကြံနိုင်စွမ်း မရှိသောကြောင့် မည်သည့်အရာကိုမျှ ခုခံကာကွယ်နိုင်စွမ်းမရှိ။ သူ့အား မွေးစားချင်သူတိုင်းကို မငြင်းဆန်နိုင်သလို ပြန်ပေးဆွဲချင်လျှင်လည်း နာနာခံခံဖြင့် လိုက်သွားရုံသာ တတ်နိုင်ခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now