128

3.2K 627 43
                                    

Unicode

မြေခွေးလေးသည် ခြူးမုယွင်၏ အမျိုးအနွယ်ကို မခန့်မှန်းနိုင်ခဲ့ချေ။ သို့သော် ထိုသူဟာ ယောက်ျားတစ်ယောက်ဖြစ်ပြီး ယောက်ျားများသည် သူတို့အပေါ် မှီခိုအားထားသော လှပအားနည်းသည့် အရာလေးများကို သဘောကျတတ်ကြောင်း သူသိထား၏။ ထို့ကြောင့် တစ်ခါတရံတွင် အားနည်းဟန်ဆောင်၍ သနားချင့်စဖွယ် နေပြလိုက်သည်က အကျိုးမဲ့စရာမရှိပေ။

ခြူးမုယွင်က ခေါင်းငုံ့ထားသော မြေခွေးလေးကို စိုက်ကြည့်နေခဲ့သည်။ မြေခွေးလေး၏ နူးညံ့ပျော့ပျောင်းသော ဆံနွယ်များသည် ဘေးတစ်ဖက်စီသို့ ဖြာကျနေလေပြီး ဆွဲဆောင်မှုရှိသော လည်တိုင်ဖြူဖြူလေးကို လှစ်ဟပြလျက်ရှိသည်။

“ကျွန်တော် ဒီကလူကြီးမင်းကို အနှောင့်အယှက်ပြုမိတာ တောင်းပန်ပါတယ်.. ဒါပေမဲ့ ကျွန်တော့်အ‌ဖေ…သူ အရေးတကြီး လိုအပ်…..”

ဒီကောင်လေး ဘာလုပ်ချင်နေမှန်း ခြူးမုယွင် သိလိုက်သည်။ ‘ကျွန်တော့်အဖေ နေမကောင်းလို့ပါ.. ကံကောင်းထောက်မလို့ လူကြီးမင်းလို လက်ကမ်းကူညီပေးတဲ့လူနဲ့ တွေ့ခွင့်ရခဲ့တာ.. အဲ့တာကြောင့် ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ ပြန်လည်ပေးဆပ်ပါရစေ’ ဟူ၍ ပြဇာတ်ကောင်းလေး ကပြတော့မည်ပင်။ ထို့ကြောင့် ခြူးမုယွင်လည်း အသာအယာပင် စကားဖြတ်ပြောလိုက်၏။

“မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ..?”

မြေခွေးလေးက ရှက်ကြောက်နေဟန်ဖြင့်..
“ကျွန်တော့်ကို စုရီလို့ ခေါ်လို့ရပါတယ် လူကြီးမင်း..”

ဤနာမည်က နာမည်အစစ်မဟုတ်မှန်း 80%အထိ သေချာနေသည်။ သို့သော် ကိစ္စမရှိပါ။ အရင်တစ်ခေါက် တွေ့ဆုံခဲ့စဉ်က မြေခွေးလေး၏ ခန္ဓာကိုယ်တည်ဆောက်ပုံ သတိမထားမိခဲ့‌ချေ။ ယခုတော့ တစ်စုံတစ်ရာကို သတိပြုမိလိုက်တာကြောင့် စိတ်ရှည်ရှည်ထားကာ တမင်ကျီစယ်လိုက်သည်။

“မင်းအဖေရဲ့ရောဂါအခြေအနေက တော်တော်ဆိုးနေတာလား.. အဲ့တာဆို သမားတော် အမြန်ရှာသင့်တယ်.. ပိုက်ဆံအခက်အခဲရှိရင် ကိုယ့်ဆီက ယူသုံးလေ..”

ထိုသို့ပြောပြီးနောက် ခြူးမုယွင်က ခရမ်းရောင်ဝိဉာဉ်ပုတီးစေ့တချို့ ထုတ်ယူလိုက်ပြီး မြေခွေးငယ်လေး၏ ဖြူဖွေးနူးညံ့သော လက်ဖဝါးလေးထဲ ထည့်ပေးလိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Wo Geschichten leben. Entdecke jetzt