13

6.4K 1.1K 47
                                    

Unicode

စာရေးဆရာတစ်ယောက်အနေဖြင့် လက်တန်းပြောဆိုနိုင်ခြင်းက အခြေခံကျွမ်းကျင်မှုတစ်ခုပင်။

ထို့ကြောင့် စက္ကန့်ပိုင်းအတွင်း ခြူးမုယွင်၏ခေါင်းထဲ၌ အဓိပ္ပါယ်မရှိသည့် ပြဇာတ်တစ်ပုဒ်ကို အကြမ်းဖျင်း ပုံဖော်ပြီးခဲ့ချေပြီ။

မိသားစုတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီး သေလုနီးပါး အခြေအနေကနေ လွတ်မြောက်လာခဲ့တဲ့ သနားစဖွယ် ကလေးတစ်ယောက်။ ထိုကလေးလေးက ဘက်စုံထူးချွန်ပြီး ဟာသဉာဏ်ရွှင်တဲ့၊ ရဲရင့်တည်ငြိမ်ပြီး ခန့်ညားလွန်းတဲ့၊ အစ်ကိုကြီးနဲ့ တွေ့ဆုံခဲ့ရလေသည်။ အချိန်တိုအတွင်းမှာပင် အစ်ကိုကြီးအပေါ် မှီခိုလာခဲ့မိသလို ညီအစ်ကိုချစ်ခြင်းကလည်း အရောင်ပြောင်းလာခဲ့ရသည်။ သို့သော်လည်း ထိုကလေးငယ်ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ကြောင့် အစ်ကိုကြီးကို ထိတွေ့ရန်မဖြစ်နိုင်ခဲ့ပေ။

ထိတွေ့ခွင့်မရလေ ပိုပြီးလိုချင်တောင့်တလာလေ၊ မပိုင်ဆိုင်ရလေ ထိုအရာကို ပိုပြီးလိုချင်လာလေပင်။ ခံစားချက်များက ရက်၊ လ၊ အလီလီ ကူးပြောင်းခဲ့ပြီးနောက် သက်တမ်းရင့်ဝိုင်ကဲ့သို့ ပိုမိုပြင်းပြလာခဲ့တော့သည်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်၏ ထူးခြားချက်အား ထိန်းချုပ်ပေးနိုင်မည့် ပစ္စည်းတစ်မျိုးကို အမှတ်မထင် ရရှိခဲ့လေသည်။ ထို့နောက် သူ့ရဲ့ပြင်းပြလွန်းတဲ့ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ပဲ သူ့အစ်ကိုကြီး၏အိပ်ဆောင်သို့ အပြေးသွားကာ လိုလားတောင့်တနေခဲ့သည့်အတိုင်း ထိုလူသား၏နှုတ်ခမ်းများကို ကြမ်းတမ်းစွာ ဖိကပ်ထားလိုက်တော့သည်။

Zero : “ဘယ်လောက် ရင်နင့်စရာကောင်းလိုက်သလဲ..!”

ခြူးမုယွင် : “……………”

Zero : 〒△〒

ခြူးမုယွင် : “အဲ့လိုဆိုမှတော့ လက်ဦးမှုယူလိုက်သင့်တယ်ထင်တယ်.. ကောင်လေးကို ငါ့ရဲ့လက်မောင်းတွေကြား ဖိကပ်ထားရင်ဖြင့် ငါတို့ရဲ့အနမ်းက ပိုပြီးနက်ရှိုင်းလာတော့မှာပဲ.. ရူးသွပ်သွားတဲ့အထိ နမ်းပစ်လိုက်မှာ.. ပြီးရင် အိပ်ရာထဲမှာ လူးလိမ့်ကြမယ်.. နှစ်ယောက်လုံး စိတ်ကျေနပ်တဲ့အထိ တစ်ခုခုလုပ်ကြမယ်.. ပျော်ရွှင်စရာကောင်းတဲ့အရာတွေ လုပ်ကြမယ်ဆိုရင်ရော..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now