114

3.4K 707 51
                                    

Unicode

ဘယ်လို ‘နေရာကောင်း’မျိုး သွားကြမှာလဲ..?

ဆရာခြူး၏ လက်ရှိခံစားချက်ကား လှလှပပ ဝတ်စားထားသော ဇနီးချောလေးမှ သူမ၏ခင်ပွန်းဖြစ်သူကို ‘နေရာကောင်းလေး သွားကြရအောင်’ လို့ ပြောနေသည်နှင့် တစ်ထပ်တည်း တူညီနေတော့သည်။

အလှပြင်ဆိုင်လား၊ သို့မဟုတ် လက်ဝတ်ရတနာဆိုင်လား။ အလှပြင်ဆိုင်ဖြစ်စေ၊ လက်ဝတ်ရတနာဆိုင်ဖြစ်စေ၊ သူမ၏ခင်ပွန်းသည် သွားလိုသော နေရာမျိုးမဟုတ်ခဲ့ပါချေ။

ယဲ့ကျန့်ဟန် စိတ်ရူးပေါက်ပြီး လူသတ်ပြန်ပြီဟေ့..’ ဟူ၍ ကျိန်းသေပေါက် နာမည်ကျော်လာဦးမည့် မြေပြင်ပေါ်မှ အစုလိုက်အပြုံလိုက် အလောင်းများကို လျစ်လျူရှုကာ နှစ်ယောက်သား အင်္ကျီလဲ၍ ထွက်လာခဲ့လိုက်သည်။ သို့နှင့် နေရာတစ်ခုသို့ ရောက်လာခဲ့တော့သည်။

Zero : “ဒီလိုနေရာမျိုး လာဖူးတာ ဒါပထမဆုံးအကြိမ်ပဲ~(≧▽≦)/~”

ခြူးမုယွင် : “ဘယ်လိုထင်လဲ..?”

Zero : “( ω ) အဲ့လောက်လည်း မဟုတ်ပါဘူး..”

ခြူးမုယွင် : “Hahaha..”

Zero : “တကယ်ပြောတာ.. ဘာမှစိတ်ဝင်စားစရာမရှိဘူး..”

ခြူးမုယွင် : “ဒါဆို အာရုံငါးပါး ပိတ်လိုက်တော့..”

Zero : “〒▽〒 , အလှလေးတွေကို တစ်ခါလောက်တော့ ​ကြည့်ချင်သေးတယ်လေ..”

“အမ်… အားးးးးးးး…*%(*&(&……%(%%#&&#..”

Host စကား နားမထောင်သော Zero လေး၏ အဆုံးသတ်ရလဒ်ကား..

အမြင်အာရုံ ကွယ်ပျောက်လုမတတ် ဖြစ်သွားရခြင်းပင်။

အားးးးး! နှင်းပွင့်တွေနဲ့ လရောင်အောက် လှပကြော့ရှင်းတဲ့ ညှို့ဓာတ်လေးတွေ ဘယ်ရောက်ကုန်ပြီလဲ..? လက်ကိုင်ပုဝါလေးတွေကိုင်ပြီး ကလူ၏သို့မြှူ၏သို့ ကြည့်တတ်တဲ့ မျက်ဝန်းလှလှလေးတွေ ဘယ်ရောက်ကုန်ပြီလဲ..? ဒါ.. ဒါကြီးက စိတ်ကူးထားတာနဲ့ အရမ်းကွာခြားသွားပြီလေ.. အား..!

ခြူးမုယွင်က အရမ်းအံ့ဩမနေခဲ့ချေ။

ဝိဉာဉ်နယ်မြေမှ လူတိုင်းသည် စရိုက်ကြမ်း၏။ <<နတ်ဆိုးတို့၏တိုင်းပြည်>> ဝတ္ထုထဲတွင် အဓိကဇာတ်လိုက်သည် ဝိဉာဉ်နယ်မြေ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရှိုးလော်နယ်မြေသို့ ခရီးထွက်ရန် အကြောင်းပေါ်လာခဲ့သည်။ ထိုနေရာမှ ရှေးဟောင်းပြည့်တန်ဆာအိမ်သို့ ရောက်သွားခဲ့သည်။ သို့သော် အခန်းထဲဝင်မိသည်နှင့် ချက်ချင်း ပြန်ထွက်ပြေးမိတော့မလိုပင် ဖြစ်သွားခဲ့ရသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now