64

4.3K 892 33
                                    

Unicode

သူချစ်ရတဲ့လူ......

ခြူးမုယွင်က ရယ်လိုက်သည် : သူ့မှာ F**k Buddy တချို့တော့ ရှိတယ်။

ဒါပေမဲ့ သေချာတာပေါ့။ ဒီကိစ္စကို ထုတ်မပြောရဲဘူး။ လောဘပေါက်စလေး ပေါက်ကွဲသွားလိမ့်မယ်။

ခြူးမုယွင်က ရှန်ရွှိန်ယန်းကို လှည့်ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"ရှိတယ်.."

ရှန်ရွှိန်ယန်း၏ မျက်ဝန်းများထဲတွင် မီးစတချို့ ပေါ်ထွက်လာ၏။

"ကျွန်တော်ရော သူ့ကိုသိလား..?"

"ဒါပေါ့.."

ရှန်ရွှိန်ယန်းက အသံမတုန်အောင် ကြိုးစားထိန်းချုပ်ရင်း : "သူ.. သူက...... အနောက်ဆောင်ကလား..?"

ခြူးမုယွင်က ရှန်ရွှိန်ယန်း၏ နဖူးလေးကို အသာတို့ထိလိုက်ကာ : "လူကသာ ငယ်တာ.. အတော်လေး သိထားတာပဲ.. ဟုတ်လား..?"

အရင်ကဆိုလျှင် ထိုကဲ့သို့ လက်ပွန်းတတီး ပြုမူလိုက်တိုင်း ရှန်ရွှိန်ယန်းက စိတ်လှုပ်ရှားဖွယ် အပြုံးလေးဖြင့် ပြန်လည်တုံ့ပြန်တတ်၏။ သို့သော် ယခုမူ အဆုံးအဆမသိအောင် နက်ရှိုင်းလှစွာသော မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေလေသည်။

"သူက ဘယ်သူလဲ..? ကျွန်တော့်ကို ပြောပြပါလား.."

ခြူးမုယွင်က ရယ်မောလျက်၊ နူးညံ့နွေးထွေးသော မျက်ဝန်းများဖြင့် ပြန်လည်စိုက်ကြည့်ပါရင်း..

"မင်းလေ.."

ရှန်ရွှိန်ယန်းမှာ နေရာတွင်ပင် တောင့်ခဲသွားတော့သည်။

ခြူးမုယွင်က ကလေးပေါက်၏ ပါးနုနုလေးများကို အသာဆွဲညှစ်လိုက်ရင်း နွေးထွေးစွာဖြင့်ပင်..

"မင်းက ငါ့ရဲ့တစ်ဦးတည်းသော သားလေ.. မင်းကိုမချစ်လို့ ဘယ်သူ့ကိုချစ်ရမှာလဲ..?"

သူပြောလိုက်သော 'ချစ်ခြင်း'က ရှန်ရွှိန်ယန်းရည်ညွှန်းသော 'ချစ်ခြင်း'နှင့် ဆန့်ကျင်ဘက်ပင်။

သို့သော် ရှန်ရွှိန်ယန်းကတော့ ထိုအဖြေကြောင့် အတော်လေး ကျေနပ်သွားခဲ့သည်။ ရေခဲလှိုဏ်ဂူထဲမှ သူ့ကို ရေပူစမ်းအတွင်း ပစ်ချလိုက်သည့်နှယ် နွေးထွေးမှုများက မွေးညှင်းပေါက်မှသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသလို ခံစားလိုက်ရပါ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now