5

7.4K 1.2K 42
                                    

Unicode

ခြူးမုယွင်ဟာ လက်ရှိအခြေအနေကို လက်ခံနိုင်ဖို့ရာ တွန့်ဆုတ်နေခဲ့၏။ သူ့ရဲ့အားထုတ်မှု လိုအပ်နေသေးသလို ခံစားလိုက်ရတာကြောင့် လက်ကိုမြှောက်လိုက်ပြီး ထွက်သွားရန်ဟန်ပြင်နေသည့် မော့ကျိုးရှောင်၏အဝတ်စကို ဖမ်းဆွဲထားလိုက်သည်။

မော့ကျိုးရှောင်က စောင်းငဲ့ကြည့်လိုက်ပြီး သိမ်မွေ့သည့်ဟန်ပန်၊ နွေဦးလေညှင်းကဲ့သို့ ချိုသာလှသည့်အသံဖြင့် ပြောလာခဲ့သည်။

"ဘာဖြစ်လို့လဲ..?"

ခြူးမုယွင်က အောက်နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့လိုက်ပြီး ပြောရခက်နေသည့် အမူအယာမျိုးဖြင့် မဝံ့မရဲစကားဆိုလိုက်သည်။

"အဖေ.."

"အင်း.." မော့ကျိုးရှောင်က ခြူးမုယွင်ကို လေးနက်စွာကြည့်လိုက်ပြီး.. "တစ်ခုခုအဆင်မပြေလို့လား..?"

ခြူးမုယွင်ဟာ သူ့ရဲ့လက်ဆစ်ကလေးတွေ ဖြူဖျော့လာသည်အထိ အင်္ကျီအစကို မြဲမြဲစွဲထားရင် အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့လေ၏။ သို့သော်ငြား လက်မလျော့ရန် ဆန္ဒမရှိသောကြောင့် ခက်ခက်ခဲခဲ စကားဆက်လိုက်သည်။

"ဒီ.. ဒီမှာ နေပေးလို့ရမလားဟင်..?"

စကားအဆုံးသတ်ပြီးနောက် သူ့ရဲ့သတ္တိတွေအားလုံး ကုန်စင်သွားရသလို မျက်လွှာချလိုက်သည်။ ကော့ညွတ်နေသည့် မျက်တောင်များက တဖျတ်ဖျတ်ခတ်နေသော်ငြား မိုးရေစက်တွေကြောင့် တောင်ပံဖြန့်၍ မပျံသန်းနိုင်သည့် ပုစဉ်းတောင်ပံလေးတွေအလား။

အကြံအစည်များသည့် အရိပ်အယောင်တစ်ခုက မော့ကျိုးရှောင်၏မျက်ဝန်းအိမ်ထဲ၌ ဖြတ်ပြေးသွားခဲ့လေ၏။ သို့သော်ငြား သူ့ရဲ့အသွင်အပြင်က တည်ကြည်လေးနက်ကာ သိမ်မွေ့နူးညံ့နေဆဲ။ ခြူးမုယွင်၏လက်ကို အသာဆုပ်ကိုင်လိုက်ပြီး မည်သည့်အတွေးမျိုးမှ မပါဝင်သလို နူးညံ့နွေးထွေးသည့် လေသံမျိုးဖြင့်..

"အရွယ်ရောက်နေပြီလေ.. အခုချိန်ထိ တစ်ယောက်ထဲအိပ်ရမှာ ကြောက်နေတုန်းလား..?"

သူ့ရဲ့အထိအတွေ့ကြောင့် ခြူးမုယွင်ရဲ့ခန္ဓာကိုယ်လေးက မသိမသာ တုန်ခါသွားရသည်။ ထို့နောက် ရှက်အမ်းအမ်း အမူအယာမျိုးဖြင့် ပြန်ဖြေလိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now