136

3K 640 63
                                    

Unicode

“လင်းရွှမ်..!”

ခြူးမုယွင်၏ဘဝတွင် ဤတစ်ကြိမ်လောက် တစ်ခါမှစိတ်မဆိုးဖူးချေ။ လင်းရွှမ် ရှင်းပြတော့မည့်အချိန် ခြူးမုယွင်က တိုက်ခိုက်လာခဲ့ချေပြီ။

လင်းရွှမ်အနေဖြင့် လူသတ်ငွေ့လွှမ်းသော အခြေအနေမျိုးကို ပထမဆုံးတွေ့ကြုံဖူးတာ မဟုတ်ပါသော်လည်း ဤတစ်ခေါက် လူသတ်ငွေ့က သူ့ရဲ့ရင်ဘတ်ထဲကို တိုးဝင်သွားပြီး နှလုံးသားကို ချေမွပစ်လိုက်သယောင် နင့်နင့်သီးသီး ခံစားရစေခဲ့၏။

လင်းစုယွင်ကို သတ်လိုက်မိသောကြောင့် ခြူးမုယွင်က သူ့ကို သတ်ပစ်ချင်နေသည်။

လင်းရွှမ် လက်မြှောက်လိုက်ကာ အလွန်ပြင်းထန်စွာသော အကြင်သူ၏တိုက်ကွက်ကို ခုခံလိုက်ရသည်။ အနှီတိုက်ကွက်က ပြင်းထန်လွန်းရကား လင်းရွှမ်၏လက်မောင်းကို ထိခိုက်သွားစေခဲ့၏။ ထိုဒဏ်ရာမှ သွေးများစိမ့်ထွက်လာကာ လက်ချောင်းသွယ်သွယ်များမှတဆင့် မြေပြင်ပေါ်သို့ တစ်စက်ချင်း စီးကျနေတော့သည်။

ခြူးမုယွင်က လင်းရွှမ်ကို လှည့်မကြည့်ခဲ့ချေ။ ဖုံးကွယ်မရအောင် စိုးရိမ်နေသောအမူအရာဖြင့် လင်းစုယွင်ကိုသာ ပွေ့ဖက်ထားခဲ့လေ၏။

တစ်ခါမှမမြင်ခဲ့ဖူးသော ထိုမြင်ကွင်း။ တစ်ချက်ကြည့်ရုံဖြင့် ခံစားချက်အစစ်အမှန်မှန်း သိသာနေခဲ့သည်။

လင်းရွှမ်သည် တစ်ပါးသူ၏ ခံစားချက်အမှန်ကို ဖောက်ထွင်းမြင်နိုင်သော ပင်ကိုအသိစိတ်ဖြင့် မွေးဖွားလာခဲ့ပြီး ဟန်ဆောင်နေခြင်းလော၊ ကြောင်သူတော်လို ပြုမူနေခြင်းလော၊ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားသိနိုင်သည်။ ထို့ကြောင့် ဤတစ်ခေါက် ‘လင်းမု’၏ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း မြင်နိုင်ခဲ့လေသည်။

‘လင်းမု’က လင်းစုယွင်ကို အမှန်တကယ် ဂရုစိုက်သည်။ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ.. စိတ်ဝိဉာဉ်ထဲမှ ဂရုစိုက်နေသည်။

လင်းရွှမ်က အက်ကွဲခြောက်ကပ်နေသောလေသံဖြင့် ခပ်တိုးတိုးပြောလာခဲ့၏။

“သူက မင်းကို သတ်ချင်နေတာလေကွာ..”

ခြူးမုယွင်က ဘာမှမကြားသလို၊ လင်းစုယွင်၏အသက်ကို ကယ်နိုင်ရန်သာ အသည်းအသန် ကြိုးစားနေခဲ့လေသည်။ သူ့ရဲ့လက်ဖဝါးပြင်မှ ချီစွမ်းအားထုတ်ကာ လင်းစုယွင်၏ခန္ဓာကိုယ်ထဲ စီးဝင်စေခဲ့သည်။ သို့သော် အချည်းနှီးသာ။ လင်းရွှမ်က လုံးဝကယ်တင်လို့မရအောင် အရက်စက်ဆုံးတိုက်ကွက်ဖြင့် အကြင်နာကင်းကင်း သတ်ဖြတ်ပစ်ခဲ့ခြင်းပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Tahanan ng mga kuwento. Tumuklas ngayon