76

4.2K 823 33
                                    

Unicode

ထိုအခိုက် ရှန်ရွှိန်ယန်းမှာ အရူးအမူး ချစ်စိတ်မွှန်နေသလို ထိုအမျိုးသား၏ သစ္စာရှိအစေခံအဖြစ် ပြောင်းလဲသွားတော့သည်။ သူကိုယ်တိုင် တောင်းဆိုလာသည်ကို မဆိုထားနှင့်၊ တစ်ခွန်းမှမပြောခဲ့လျှင်ပင် ထိုအမျိုးသားလိုချင်သမျှ အရာအားလုံး ဆောင်ယူပေးရလိမ့်မည်။

ခြူးမုယွင်က စိတ်ငြိမ်အောင် ကြိုး​ေစားရင်း ဆက်ပြောလိုက်သည်။

“ရှဲ့ချင်းလန်က ကိုယ့်အတွက် အဆိပ်ဖြေဆေးသွားရှာတာ.. ဒီနေ့ သတင်းရလာခဲ့ပြီတဲ့.. ဒါပေမဲ့ အဲ့ဆေးပင်က အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုမှာ ရှိနေတာဆိုတော့ ရှဲ့ချင်းလန်ရဲ့ကျင့်ကြံဆင့်နဲ့ဆို ပြန်ယူလာနိုင်မှာမဟုတ်ဘူး.. ကိုယ့်ရဲ့အခြေအနေကလည်း အပြင်ထွက်ဖို့ အဆင်မပြေတော့……….”

အဆုံးထိမပြောလိုက်ပါသော်လည်း ရှန်ရွှိန်ယန်းအနေဖြင့် သူ၏ဆိုလိုရင်းကို နားမလည်စရာ အကြောင်းမရှိပေ။

“ကျွန်တော့်ကို အစောကတည်းက ပြောပြသင့်တာ..”

ခြူးမုယွင်က စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရင်း..

“မင်းကို မစိုးရိမ်စေချင်လို့ပါ..”

မသိမသာ စူပုတ်နေခဲ့သော ရှန်ရွှိန်ယန်းတစ်ယောက် ထိုစကားကို ကြားလိုက်ရသည်နှင့် နှလုံးသားလေး နွေးထွေးသွားရပြန်သည်။ လက်ရှိအချိန်တွင် ဖြေးဆေးရှာရန် အလျင်လိုနေသောကြောင့် တခြားအရာများကို ဂရုမစိုက်နိုင်အားပေ။

ရှန်ရွှိန်ယန်းက ရှဲ့ချန်းလန်ကို လှည့်ကြည့်လိုက်သည်။ သတိထားနေသေးသော်လည်း အရင်လောက် ရန်မမူတော့ပေ။

“သမားတော်ရှဲ့.. ဆေးပင်ရှိတဲ့နေရာကို လိုက်ပြပေးနိုင်မလား..? ကျွန်တော်တို့ အမြန်ဆုံး ရှာတွေ့မှဖြစ်မှာ..”

ရှဲ့ချင်းလန် ထပ်မံထွက်သွားတော့မည်ဟူသော အတွေးကြောင့် ခြူးမုယွင်၏ လက်ချောင်းလေးများမှာ သူ့အလိုလို တုန်ယင်သွားရသည်။

ရှန်ရွှိန်ယန်းက ဘာမှမသိပါသော်လည်း ရှဲ့ချန်းလန်ကတော့ သတိပြုမိလိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ကျေနပ်အားရခြင်းများ စွန်းထင်းလာခဲ့လေ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now