101

3.4K 817 16
                                    

Unicode

‘ပျင်းရိခြင်း’ အငယ်​လေးကို အိမ်ခေါ်ခဲ့ပါသော်လည်း ခြူးမုယွင်သည် ဘာမှအလျင်စလို မလုပ်ခဲ့ပေ။

ရှဲ့ချင်းလန်က လက်တလောတွင် သဘောထားကြီးချင်ယောင်ဆောင်နေသေးသည်။ သို့သော် ခြူးမုယွင်သာ နည်းနည်းလေး ဂရုစိုက်ပေးလိုက်လျှင် ကျွင်းမော့ကို သတ်ချင်လာလိမ့်မည်။

ခြူးမုယွင်သည် နတ်ဆိုးအရှင်ခုနစ်ပါးလုံး၏ အကျင့်စရိုက်များကို နောကြေနေအောင် သိထားပြီးသားပင်။ ထို့ကြောင့် နန်းတော်ကို ပြန်ရောက်သည်နှင့် ကျွင်းမော့ကို ချောင်ထိုးထားလိုက်ပြီး ရှဲ့ချင်းလန်အပေါ်သာ စိတ်နှစ်ထားခဲ့လေ၏။

ထိုအချင်းအရာက ရှဲ့ချင်းလန်ကို အတော်လေး စိတ်ကျေနပ်စေခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ရက်ထက်တစ်ရက် ပိုမိုအတွဲညီလာသလို နေ့ရက်များစွာ ကုန်လွန်ခဲ့ပြီးနောက် အတုအယောင်ကြားမှ အစစ်အမှန်များလို နေသားကျလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး မခွဲနိုင်မခွာရက် ဖြစ်လာကြတော့သည်။

ထိုနေ့သို့ မရောက်ခင်အထိ…

ခြူးမုယွင်က ရုတ်တရက် ပြောလိုက်သည်။

“ပြောမှပဲ ကိုယ်တို့ ငါးဟင်းချက်မစားဖြစ်တာ အတော်ကြာပြီနော်..”

ရှဲ့ချင်းလန်သည် အပြုံးမပျက်တမ်း ခြူးမုယွင်၏လည်တိုင်ထဲ ခေါင်းအပ်ထားကာ နှစ်ကိုယ်ကြား စကားဆိုလာသည်။

“ကျွန်တော် မနေ့က ဟုန်ထန်အရက်နှစ်ပုလင်း ယူလာခဲ့တယ်..”

ငါးဟင်းကိစ္စမှာ ချက်ချင်း ဘေးကပ်သွားရပြန်သည်။ ရှဲ့ချင်းလန်က ကလူကျီစယ်လိုသော လေသံမျိုးဖြင့်..

“ဒီနေ့ အားယွင်ရဲ့ခန္ဓာကိုယ်လေးကို အရက်ခွက်အဖြစ် သုံးကြရအောင်လေ.. နော်..?”

ခြူးမုယွင်မှာ ရှက်သွေးဖြာသွားရသည်။ သို့သော် ငြင်းဆန်ခြင်းမရှိပါပဲ အလိုလိုက်ဟန်ဖြင့်..

“မင်းကလေ အရက်ကိုရော၊ အိပ်ရာထဲကကိစ္စမှာပါ အရမ်းလောဘကြီးတာပဲ.. တကယ့်ကို အရွယ်ရောက်လာပြီပဲ ချင်းလန်..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now