31

5.4K 1K 94
                                    

Unicode

“သုန်သုန်လား..?”

သရုပ်ဆောင်အဓိပတိကြီး ဆရာခြူးပင်လျှင် ထိုနာမည်ကို ကြားလိုက်ရသည့်အချိန် လူသတ်ငွေ့များဖြင့် မျက်နှာပျက်ယွင်းလုမတတ်။

ကံကောင်းထောက်မစွာဖြင့် 0.1 စက္ကန့်မျှ ကြက်သေ,သေသွားခြင်းက သိပ်မသိသာခဲ့ပေ။ ခြူးမုယွင်၏ မျက်နှာထက်၌ ရွံ့ရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“မဟုတ်ဘူး..!”

“အို့.. လင်းရှောင်ယွင်ပဲ..”

ခြူးမုယွင် : “ကျွန်တော်…….”

သူပြောလို့မဆုံးခင် အမျက်ဒေါသအရှင်က ထပ်လောင်းပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့အိမ်နာမည်က လင်းသုန်သုန်လေ..”

သားရဲလူသားလေးမှာ မရှူနိုင်မကယ်နိုင်အောင် စိတ်ဓာတ်ကျသွားရသည်။

လင်းရွှမ်က အမွေးဖွားဖွားနားရွက်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသော စိတ်ပျော်နေပုံရသည့် သားရဲလူသားလေးအနားသို့ တိုးကပ်သွားလိုက်၏။

ခြူးမုယွင်က ချက်ချင်းပင် အနောက်ဆုတ်လိုက်သည်။

လင်းရွှမ်က စိတ်ထဲမထားသည့်အပြင် သားရဲလူသားလေးကို အချိန်အတော်ကြာ အပေါ်အောက်စုန်ဆန် ကြည့်နေခဲ့သည်။ ထို့နောက် သူ့ရဲ့နှုတ်ခမ်းများမှာ ကော့တက်သွားခဲ့ပြီး ဆိုးရွားကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ဘာလဲ..? ငါ့ကိုမုန်းလို့လား..?”

ခြူးမုယွင် : “ဟုတ်တယ်..!”

လင်းရွှမ် : “မင်းငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေကြောင့်လား..?”

Zero : “⊙o⊙,  အမျက်ဒေါသ’က ကိုယ့်အကြောင်း ကိုယ်သိသားပဲ..”

ခြူးမုယွင် : “…………” ချစ်ဖို့ကောင်းတဲ့ ဒီအရူးလေးကို အနားမှာထားပြီး သရုပ်ဆောင်ရတာ ကြီးမားတဲ့ စမ်းသပ်ချက်ကြီးပဲ။

သားရဲလူသားလေးက ပြောလိုက်သည်။ : “ခင်ဗျား ကျွန်တော့်ကို နှိပ်စက်တယ်.. ပြီးတော့ ကျွန်တော့်ကို သတ်ချင်တယ်… ကျွန်တော့်ကို…..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Opowieści tętniące życiem. Odkryj je teraz