135

3K 671 40
                                    

Unicode

ပုံရိပ်ယောင်နန်းတော်ထဲဝယ်..

ရှဲ့ချင်းလန်သည် ခြူးမုယွင်၏ ပုံတူပန်းချီကားများဖြင့် ပြည့်နှက်နေသော ထိုအခန်းငယ်ထဲမှ တစ်ညလုံး ပြန်မထွက်လာတော့ပေ။

***

လင်းယွင်ဂိုဏ်းရှိရာသို့ ခြူးမုယွင် ပြန်ရောက်သွားသည်။ ဝိဉာဉ်လမ်းပြမြက်ကို အောင်အောင်မြင်မြင် ရရှိခဲ့သည့်အပြင် ခရီးလမ်းတစ်လျှောက် ချောမွေ့ခဲ့ပေသည်။

လင်းရွှမ်က တစ်ချိန်လုံး အသံတိတ်နေခဲ့သည်။ ထိုအမျိုးသားလေး၏စိတ်ထဲ တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ကို ခြူးမုယွင် ခံစားမိလိုက်၏။ ထို့ကြောင့် တခဏတွေးရင်း လှမ်းပြောလိုက်သည်။

“မိတ်ဆွေဟောင်းတစ်ယောက်ရဲ့အိမ်ပါ.. အဆက်အသွယ်မရှိတာကြာပြီ..”

ခြူးမုယွင်က လင်းရွှမ်၏အတွေးကို သဘာဝကျစွာ ခန့်မှန်းနိုင်ခဲ့သည်။ သူက ပုံရိပ်ယောင်နန်းတော်ထဲ လွယ်လင့်တကူ ဝင်နိုင်ခဲ့သည့်အပြင် အတားအဆီးမရှိ ပြန်ထွက်နိုင်ခဲ့သည်လေ။ ထို့အပြင် အိမ်အပြင်အဆင်ကလည်း ရင်းနှီးနေသေးသည်။ သို့ဖြစ်ရာ လင်းရွှမ် သံသယမဝင်ပါမှ ထူးဆန်းနေလိမ့်မည်။

ခြူးမုယွင်က သာမာန်ကာလျှံကာပုံစံမျိုးဖြင့် ရှင်းပြလိုက်ပါသော်လည်း လင်းရွှမ်က ပြန်ပြောခဲ့၏။

“ကိုယ်လည်း မိတ်ဆွေဟောင်းပဲလေ..”

ခြူးမုယွင် အသံတိတ်သွားသည်။ ပြီးမှ မျက်ခုံးပင့်လိုက်ရင်း..

“ဟုတ်တယ်.. ငါတို့က တကယ့်ကို သူငယ်ချင်းဟောင်းတွေပဲ..”

ခြူးမုယွင်၏ လက်ရှိပုံစံလေးက သီးခြားဆန်စွာ ကြည့်ကောင်းလွန်းလှပေ၏။ မျက်နှာအချိုးအစားက အစကတည်းက လှပပြီးသားဖြစ်ရာ ပြုံးလိုက်ချိန်တွင် စွဲလမ်းမြတ်နိုးခြင်းများ ပိုတိုးလာတော့သည်။ ကွေးတက်နေသော မျက်ဝန်းလှလှလေးများက ယစ်မူးရီဝေစေသော ဝိုင်တစ်ခွက်နှယ်၊ မမြည်းစမ်းခင် သင်းရနံ့ဖြင့်ပင် တစ်ဖက်လူ၏နှလုံးသားကို ဖမ်းစားနိုင်လောက်သည်။

လင်းရွှမ်က ထိုမျက်နှာလေးကို အလွန်သဘောကျ၏။ ထိုလူသား၏ အကြင်နာမဲ့မှုကို မုန်းတီးမိသလောက် ထိုမျက်နှာလေးကို သဘောကျမိပါ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now