18

6.2K 1K 91
                                    

Unicode

လျပ်တပြတ် အမိဖမ်းခံလိုက်ရသော်လည်း အခန်းထဲရှိ လူနှစ်ယောက်မှာ အမှန်တကယ် စိုးရိမ်ထိတ်လန့်ခြင်းမရှိ။ ရန်ချန်းက ထိုအချိန်အခါကို မျှော်လင့်စောင့်စားနေခဲ့သလို ခြူးမုယွင်က ပို၍ပင် စိတ်လှုပ်ရှားနေခဲ့သည်။ စောင့်မျှော်နေခဲ့သည့်ပြဇာတ်က နောက်ဆုံးတော့ ဖြစ်ပျက်လာခဲ့ချေပြီ။

တစ်ဦးတည်းသော Zero လေးကတော့..

“အား….! မာနရောက်လာပြီ..! သွားပြီ.. သွားပြီ.. ပြီးသွားပြီ.. ဒီတစ်ခေါက်တော့ ကျွန်တော်တို့သေပြီ..!”

ခြူးမုယွင် : “မင်းရဲ့အာရုံခံစနစ် ပိတ်သွားပြီလို့ ထင်နေတာ..”

Zero : “ဘာမဟုတ်တာလေးနဲ့ အလုပ်ရှုပ်နေရမယ့် အချိန်လား..? အခုဘယ်လိုလုပ်ကြမလဲ..? မာနရဲ့လက်ထဲမှာ ဖမ်းမိသွားပြီ.. ကျိန်းသေပေါက် သူ……”

“လိမ္မာစမ်းပါကွာ..” ခြူးမုယွင်က ပျင်းရိစွာ ပြောလိုက်သည်။ “နောက်လာမယ့်အဖြစ်အပျက်တွေက ကလေးတွေကြည့်ဖို့ မသင့်တော်တော့ဘူး..”

Zero : ⊙△⊙

ခြူးမုယွင် : “စိတ်မပူနဲ့.. ငါ့မှာမင်းရှိနေသေးတော့ သေမှာမဟုတ်ပါဘူး..”

Zero : “…………” ဟုတ်သားပဲ။

Zero လေးကို နှစ်သိမ့်ပေးနေသော်လည်း ခြူးမုယွင်၏ အံ့ဩထိတ်လန့်နေသလို မျက်နှာထားက နည်းနည်းမှမလျော့ပါးခဲ့ချေ။

လျော့တိလျော့ရဲ ဝတ်ဆင်ထားခဲ့သည့် အနက်ရောင်ဝတ်ရုံလွှာက လျောကျလျက်သား။ သူ့ရဲ့ဖရိုဖရဲပုံစံဖြင့် ယှဉ်လိုက်လျှင် ရန်ချန်း၏ခန္ဓာကိုယ်ပေါ်၌ အဝတ်အစား အသင့်အတင့် ရှိနေသေးသည်။ အင်္ကျီလည်ပင်းသာ ပွင့်ဟနေပြီး ခါးပတ်စည်းမှာ စည်းနှောင်ထားဆဲ။

မော့ကျိုးရှောင် ဝင်ရောက်လာသည့်အချိန် ရန်ချန်းနှင့် ခြူးမုယွင်တို့ နမ်းရှိုက်နေသည့်မြင်ကွင်းက ကြိုဆိုနေခဲ့သည်။ လူငယ်လေးက ရုန်းကန်နေပုံမပေါ်သည့်အပြင် နာခံစွာဖြင့် ခုတင်တိုင်ကို ဆုပ်ကိုင်ထားရင်း တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားနေသလို ရန်ချန်း၏အရှေ့၌ သူ့ရဲ့တစ်ကိုယ်လုံးကို ဖွင့်ဟပြထားလေ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now