4

8.5K 1.2K 37
                                    

Unicode

သူရေးခဲ့တဲ့ ဝတ္ထုကိုတော့ သူအသိဆုံးပါပဲ။

ဒါပေါ့ ၊ ' နတ်ဆိုးတို့၏ တိုင်းပြည် ' ဟာ အဖြောင့်ဝတ္ထုဆိုတာကို ခြူးမုယွင် သေချာပေါက်သိသည်။ အဖြောင့်ဝတ္ထုသာ မဟုတ်ခဲ့လျှင် ဘယ်သူကများ ဒါကိုရုပ်ရှင်ရိုက်ရန် ဤမျှ ငွေကုန်ကြေးကျ ခံမည်နည်း ?

သို့သော် အမှန်တကယ်မှာ ဒီဝတ္ထုထဲတွင် ချစ်ခန်းကြိုက်ခန်းများက သိပ်မပါလှ။စာရေးသူကိုက ဂေးနေတာကိုး ။အကယ်၍သူသာ သူရဲ့ ခံစားချက်များအပေါ်သာအခြေခံပြီး ဇာတ်ကြောင်းဆွဲခဲ့လျှင် သူ့ဦးနှောက်ထဲတွင် ပုံပေါ်နေသော ဇာတ်ဝင်ခန်းများဟာ ဇာတ်လိုက်က အနောက်ဆောင်ကြီးတစ်ခု တည်ထောင်ရန် မိန်းကလေးတစ်ယောက်ကို ခေါ်လာတော့မှာမဟုတ်။ထိုအစား ဇာတ်လိုက်သည် သူ့ညီအကိုတစ်ယောက်ကို အိပ်ယာထဲတွန်းလှဲပစ်လိမ့်မည်။ နောက်ပြီး သူ့အကိုရဲ့ အကို ၊ပြီးရင် သူ့အကိုရဲ့ အကိုရဲ့ အကို....အတိုချုပ်ပြောရလျှင် ရင်ဘတ်ပြားသည်ဖြစ်စေ ၊ ကောင်ငယ်လေးဖြစ်စေ ၊ တစ်စုံတစ်ယောက်ရဲ့ ခင်ပွန်းလေးဖြစ်စေ ၊ ဒါမှမဟုတ်ကြွက်သားတွေရှိတဲ့ အောက်ပုဂ္ဂိုလ်ဖြစ်စေ ကိစ္စမရှိ ။ သူ့အကြိုက်နှင့် ကိုက်နေသမျှတော့ ဇာတ်လမ်းဆက်လို့ရနိုင်မည်ဖြစ်သည်။

ကံကောင်းထောက်မစွာ ခြူးမုယွင်သည် သူ၏ အကြီးတန်းအလုပ်အမှုဆောင်ရာထူးမှ နှုတ်ထွက်လိုက်ခြင်းမှာ ခေတ်အဆက်ဆက် ပဲ့တင်ထပ်သွားမည့် ဂန္တဝင်မြောက် ရာဂစိတ်ကြွစေသော စာပေကို ရေးဖို့မဟုတ်။ဒါကြောင့် သူဟာ မြင့်မားတဲ့ အရည်အသွေးနဲ့ အဓိကဇာတ်လိုက်တွေကိုသုံးပြီး ခမ်းနားကြီးကျယ်သော ' နတ်ဆိုးတို့၏တိုင်းပြည် ' ကို အကောင်းဆုံး ပုံဖော်ခဲ့လေ၏။ဝတ္ထုထဲရှိ အချစ်ဇာတ်လမ်းမှာ ဇာတ်လမ်းကို ပံ့ပိုးပေးရန်မျှသာ။

'နတ်ဆိုးတို့၏ တိုင်းပြည် ' နာမည်ရလာပြီးနောက်တွင်မူ fan-fic များပါ တုံ့ဆိုင်းခြင်းမရှိတစ်ခါတည်းထွက်လာကြတော့၏။ အတွဲအမျိုးမျိုးတွဲပေးကြကာ ငြင်းခုံမှုများမှာ မဆုံးနိုင်။စာရေးသူ သူကိုယ်တိုင် အသိအမှတ်ပြုရလောက်သည်ထိကောင်းသော ဂန္တဝင်မြောက်လက်ရာများပင် ပေါ်ထွက်လာသေး၏။သို့သော် ခြူးမုယွင် အမြင်အရတော့ သွေးပူတတ်သောထိုဇာတ်လိုက်သည် အရူးခုနစ်ကောင်က တပြိုင်တည်း တွန်းလှဲမည်ကိုတော့ သည်းခံနိုင်လောက်မည်မဟုတ်ဟု ထင်မိသည်။ဒါပေါ့ ၊ ဇာတ်လိုက်က သူတို့ခုနစ်ယောက်လုံးကို တစ်ချက်ထဲ လှဲသိပ်တဲ့ Fan - fic မျိုးကိုလည်း သူလက်မခံနိုင်။ထိုအရူးခုနစ်ကောင်က သူ့ကိုယ်သူ အစားသွင်းထားတာပဲမို့ သူ့ကို ဒီလို လာလုပ်တာဘယ်လက်ခံနိုင်ပါ့မလဲ ? ဒါကြောင့်သူဟာ ဇာတ်ကောင်ရှုထောင့်ပေါ်မူတည်ပြီး fan - fic တွေက ယုတ္တိရှိမရှိကို အလေးအနက် ခွဲခြမ်းစိတ်ဖြာဝေဖန် ပေးခဲ့သေးသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now