82

4.1K 824 31
                                    

Unicode

မသဲမကွဲ ညည်းတွားလာသော ထိုစကားနှစ်လုံးသည် ရှန်ရွှိန်ယန်း၏ နှုတ်ခမ်းထက်မှ အပြုံးလေးကို အေးခဲသွားစေခဲ့၏။ လေဟာပြင်အက်ကွဲကြောင်းများကို အပြီးသတ် ချိပ်ပိတ်နိုင်ခဲ့တာကြောင့် တက်ကြနေသော အပျော်အားလုံးသည် တမဟုတ်ချင်း ပျက်သုန်းသွားခဲ့ရသည်။

ရထားလုံးက လူခြောက်ယောက်၊ ခုနစ်ယောက်ခန့်အထိ ဝင်ဆံ့သည်။

ရှန်ရွှိန်ယန်းက တစ်ခွန်းမျှမဆိုပါပဲ ရထားလုံးထဲ ဝင်သွားလိုက်သည်။ လိုက်ကာပြန်ကျသွားချိန် အလင်းရောင်က ယခင်အတိုင်း မှေးမှိန်သွား၏။

ရှန်ရွှိန်ယန်းက ခြူးမုယွင်၏မေးရိုးကို ဖျစ်ညှစ်ကာ ဦးမော့စေသည်။ ပြီးနောက် အကြမ်းပတမ်း နမ်းရှိုက်တော့သည်။

ခြူးမုယွင်ကလည်း အနည်းငယ်မျှ ငြင်းဆန်ခြင်းမရှိခဲ့ချေ။ ရှန်ရွှိန်ယန်း၏ လှုပ်ရှားမှုအတိုင်း လည်တိုင်ကို ဖက်တွယ်ကာ တိုးကပ်သွားလေ၏။ ရှန်ရွှိန်ယန်း၏အနမ်းကို နက်ရှိုင်းသည်ထက် ပိုနက်ရှိုင်းလာအောင်၊ ကြမ်းတမ်းသည်ထက် ပိုမိုကြမ်းတမ်းလာအောင် ခွင့်ပြုပေးနေခဲ့သည်။

ပိုင်ဆိုင်လိုစိတ်ကြီးနေသော၊ ငယ်ရွယ်တက်ကြွသော ရှန်ရွှိန်ယန်း၏ ခန္ဓာကိုယ်သည် ဤသို့သော ဆွဲဆောင်မှုမျိုးကို အဘယ်သို့ တောင့်ခံနိုင်ပါ့မည်နည်း။ သေချာပေါက် ရမ္မက်ပြင်းပြင်း ချစ်တင်းနှောခြင်းသို့ ရောက်ရှိသွားတော့သည်။

ပြီးမြောက်ခါနီးတွင် ခြူးမုယွင်က သာယာခြင်းအဟုန်ဖြင့် စိတ်လွတ်ကိုယ်လွတ် ညည်းလိုက်သည်။

“ချင်း.. ချင်းလန်.. ငါ… ထပ်လိုချင်…..”

ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချခံလိုက်ရသလိုပင်။

ရှန်ရွှိန်ယန်းမှာ ကိုယ့်ကိုယ်ကို အရူးတစ်ယောက်လို ထင်မြင်လာတော့သည်။ ထိုအမျိုးသားကို ညင်သာပေးမိသည်အထိ ရူးမိုက်လွန်းနေခဲ့သည်။

သို့နှင့် ခြူးမုယွင်အား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတော့သည်။

ခြူးမုယွင်က မငြင်းပယ်သည့်အပြင် ကျေနပ်နေပုံပင် ရသေး၏။ ဆိုးသည်မှာ အစမှအဆုံးအထိ ရှဲ့ချင်းလန်၏နာမည်ကို တဖွဖွ ရေရွတ်နေခဲ့ခြင်းပင်။ မျက်ဝန်းများက ဦးတည်ရာမဲ့စွာ၊ သူ့အပေါ်မှာ ရှိနေသောသူကိုပင် ဘယ်သူဘယ်ဝါမှန်း မပြောနိုင်တော့ချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Wo Geschichten leben. Entdecke jetzt