81

4.1K 836 50
                                    

Unicode

ထိုအခါမှ ခြူးမုယွင်လည်း ရှန်ရွှိန်ယန်း ကြံစည်နေသမျှကို နားလည်သွားခဲ့သည်။

ဒီကောင်လေး ဉာဏ်ကောင်းလိုက်တာ..!

‘အသားအနာခံ၍ အသေခံတိုက်ခိုက်’သော နည်းလမ်းက အလုပ်မဖြစ်နိုင်ပေ။ ရှဲ့ချင်းလန်က ကြောင်လက်သည်းဝှက်သလို သူ၏အင်္ကျီလက်ထဲ လှည့်ကွက်များစွာ သိုဝှက်ထားသည်။

ထို့အပြင် ရှန်ရွှိန်ယန်းက မှတ်ဉာဏ်ပြန်မရသေးပေ။ မှတ်ဉာဏ်ပြန်ရခဲ့လျှင်ပင် 'လောဘ'အရှင်အနေဖြင့် 'ရမ္မက်'အရှင်အား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

ရှန်ရွှိန်ယန်းက တည်ငြိမ်သည်။ သူ၏စိတ်ထဲတွင် ‘ရှန်ယွင်’ဟာ ရှဲ့ချင်းလန်အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေသည်ဟု ထင်မှတ်ကာ ထိုလူနှစ်ယောက်လုံး သူ့အပေါ် သတိလက်လွတ်ဖြစ်အောင် နေသည်။ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေပြီး ကျော့ကွင်းချရန် ပြင်ဆင်နေခဲ့သည်။

သို့နှင့် တိုက်ပွဲနယ်မြေတွင် သူ၏ကျော့ကွင်းကို ဖြန့်ကျက်လာခဲ့ချေ၏။ အချိန်ကောင်းကိုစောင့်ကာ ရှဲ့ချင်းလန်အား အက်ကွဲကြောင်းထဲသို့ တွန်းထုတ်ပစ်လိုက်သည်။

ရှဲ့ချင်းလန်လည်း ရှန်ရွှိန်ယန်း လှုပ်ရှားလာတာကို သတိပြုမိလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ချေပြီ။ ကုချင်းပေါ် လက်တင်ကာ ရှန်ရွှိန်ယန်းထံသို့ စွမ်းအင်လှိုင်းပေါင်းများစွာ ပစ်လွှတ်လိုက်ပါသော်လည်း ရှန်ရွှိန်ယန်းက အနည်းငယ်ပင် မရှောင်တိမ်းခဲ့။

ရှန်ရွှိန်ယန်းအနေဖြင့်လည်း သူ့ရဲ့စွမ်းအားအလုံးစုံကို ဤတိုက်ကွက်ထဲ ပုံအပ်ထားတာကြောင့် ရှောင်တိမ်းလိုက်လျှင် ပစ်မှတ်လွှဲသွားလိမ့်မည်။ သူ့တွင် အခွင့်အရေးတစ်ခုသာရှိသည်။ လွဲချော်သွားလို့ မဖြစ်ပါ။

နှစ်ဦးသား၏တိုက်ကွက်က တစ်ချိန်တည်းမှာပင် သက်ရောက်သွားခဲ့သည်။

စွမ်းအင်လှိုင်းများကြောင့် ရှန်ရွှိန်ယန်း၏ အဝတ်အစားများ စုတ်ပြဲသွားရပြီး ဆံနွယ်ရှည်များသည် လေပေါ်တွင်ဝဲပျံလျက် နှတ်ခမ်းထောင့်မှ သွေးများစီးကျလာခဲ့လေ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Wo Geschichten leben. Entdecke jetzt