159

2.7K 608 38
                                    

Unicode

ခြူးမုယွင်သည် သူ၏အရှိန်အဝါကို အချိန်မီ ပြန်ရုတ်သိမ်း၍ ကိုယ်ယောင်ဖျောက်လိုက်သော်လည်း ပုန်းကွယ်နိုင်ပါ့မလားဆိုတာ သိပ်မသေချာပေ။ နတ်ဘုရားစိတ်အာရုံ၏ ဆန်းစစ်ချက်အရ နေဝင်ဆည်းဆာမြို့ထဲ ရောက်ရှိနေသူသည် ရှန်ရွှိန်ယန်းပင် ဖြစ်လိမ့်မည်။

ရှန်ရွှိန်ယန်း ဘာလို့ဒီရောက်နေမှန်း သူ,မသိပေ။ သို့သော် မြို့ထဲရောက်နေမှန်း သိလိုက်ရတာကြောင့် ထိုအမျိုးသားလေးနှင့် မဆုံတွေ့ချင်ခဲ့ပေ။ တခဏတွေးကြည့်ပြီးနောက် ခြူးမုယွင်က ကျွင်းမော့ကို လှမ်းပြောလိုက်သည်။

“လောလောဆယ် မြို့ထဲမသွားသေးဘူး.. ငါ့နောက်လိုက်ခဲ့..”

ကျွင်းမော့ကလည်း များများစားစား ပြန်မေးမနေ။ ခြူးမုယွင် ဘယ်သွားသွား၊ သူက နောက်မှလိုက်လိမ့်မည်။

ဤသုံးလအတွင်း ခြူးမုယွင်သည် သူ့အား ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားသလို အကောင်းဆုံး အဆင်တန်ဆာများ ဆင်မြန်းပေး၏။ ကျွင်းမော့၏ကိုယ်ပေါ်တွင် အဖိုးတန်ကျောက်မျက် များများစားစား မရှိပါသော်လည်း လှပရုံသာမက စွမ်းအင်အသီးသီးရှိသည့် ရှားပါးကျောက်မျက်သုံးမျိုး ဝတ်ဆင်ထားလေသည်။

ဘယ်ဘက်လက်ကောက်ဝတ်ပေါ်မှ ငွေဟန်းချိန်းသည် လိုဏ်ဂူထဲဝင်နိုင်သည့် ‘သော့’ဖြစ်၍ နှစ်သောင်းချီအပူကျောက်ဖြင့် ဖန်တီးထားသော ငွေဆံထိုးကတော့ သွေးကြောစုံမှတ်များမှတဆင့် အနွေးဓာတ်ပျံ့နှံ့စေပြီး သူ၏ခန္ဓာကိုယ်အတွက် အကျိုးရှိသည်။

အားလုံးထဲမှ အထင်ရှားဆုံးသည် သူ၏ခါးစည်းပေါ်မှ တလက်လက် တောက်ပနေသော၊ အသက်ဓာတ်များ လျှံကျနေသယောင် ထင်မှတ်ရသည့် ကျောက်မျက်လေးပင်။ ခြူးမုယွင်က ထိုအထဲတွင် ကာကွယ်ရေးအစီအရင်တစ်ခု ထည့်သွင်းပေးထားပြီး ကျွင်းမော့ အန္တရာယ်ကြုံသည်နှင့် သူ့အလိုလို အသက်ဝင်လာလိမ့်မည်။ ပြီးနောက် ကျွင်းမော့ကို သွေးမထွက်အောင်၊ မနာကျင်ရအောင် ကာကွယ်ပေးလိမ့်မည်။

ကျွင်းမော့သည် သူမတူသော အလှတရားဖြင့် မွေးဖွားလာတာဖြစ်ပြီး ယခုလို မျက်စိပသာဒဖြစ်ဖွယ် အဆင်တန်ဆာများ ဆင်မြန်းလိုက်သောအခါ သူသွားလေရာနေရာတိုင်း အကြည့်များစွာကို ဆွဲဆောင်နေတော့၏။ သူ၏ ငွေရောင်ဆံနွယ်၊ ငွေရောင်မျက်ဝန်းများက ပုံမှန်မဟုတ်သည့်အပြင် မျက်နှာလေးကလည်း အလွန်လှပလွန်းနေရာ လူအများ သတိမပြုမိရန် ခက်ခဲနေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now