30

5.6K 1.1K 86
                                    

Unicode

လိင်မှုကိစ္စနှင့် ရင်းနှီးသူတိုင်း အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားကာ ပြီးမြောက်ခြင်းက မထိန်းချုပ်ပဲ ပြီးမြောက်ခြင်းထက် ပိုခံစား၍ကောင်းကြောင်း သိကြသည်။

(TN : ဗဟုသုတတွေလည်း ရပါတယ်။)

ခြူးမုယွင်မှာ အရင်ဘဝက လေ့ကျင့်ခန်းလုပ်ရန် စိတ်အားထက်သန်သူဖြစ်ပြီး သက်လုံအားကောင်းသည်။ သူ့ရဲ့ခန္ဓာကိုယ်မှာ အလွန်ကျန်းမာသည်။ ထို့ကြောင့် အထက်ပုဂ္ဂိုလ် တစ်ယောက်အနေဖြင့် အချိန်အတော်ကြာ ထိန်းချုပ်ထားနိုင်သည်။ သူ့အောက်မှလူရဲ့ ခံစားချက်ကို အမြဲတမ်း ဂရုစိုက်ပေးတတ်ပြီး သူ,မပြီးခင် သူ့ရဲ့တွဲဖက်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်အထိ ပြီးမြောက်စေသည်။

သို့သော် မည်မျှပင် ထိန်းချုပ်ထားနိုင်သည်ဖြစ်စေ၊ သုံးလဆက်တိုက် ထိန်းချုပ်ထားနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

လက်ရှိအချိန်မှာတော့ သုံးလလုံးလုံး မနာလိုခြင်းအရှင်၏ ကျီစယ်ခြင်းခံနေရသော ဤခန္ဓာကိုယ်ကြောင့်၊ ကိုယ်တိုင်ဖြေလျော့ရန်လည်း နည်းလမ်းမရှိသောကြောင့်၊ ခြူးမုယွင်ခမျာ ဤမျှအချိန်ကြာအောင် အောင့်အီးနေခဲ့ရသည်။

ယခုတော့ ပျင်းရိခြင်းအရှင်က အချိန်ကိုက် လာဆွတာကြောင့် ခြူးမုယွင်မှာ ချက်ချင်းဆိုသလို ထုတ်လွှတ်မိသွားခဲ့သည်။ အထွတ်အထိပ်ရောက်သွားသည့် ခံစားချက်မှာ ပေါက်ကွဲထွက်သွားသည့်အလား၊ သာယာမှုပမာဏမှာ အောင့်အီးသည်းခံခဲ့ရသည့် အချိန်ထက် ပိုမိုပြင်းထန်စွာ၊ သူ့ရဲ့စိတ်ဝိဉာည်အထိ တုန်ယင်သွားရလောက်အောင် ကျေနပ်အားရစေခဲ့သည်။

သားရဲလူသားလေးမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် မောဟိုက်နေခဲ့သလို အနက်ရောင်ဆံနွယ်ပေါ်မှ အမွေးဖွားဖွား အပြာရောင်နားရွက်လေးကလည်း မသိမသာ တုန်ယင်နေလေ၏။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ကျွင်းမော့၏ ရင်ခွင်ထဲ၌ လဲပြိုနေခဲ့ပြီး သန့်စင်ခန့်ညားသည့် အသွင်အပြင်က ပထမဆုံးသော သာယာမှုအရသာကြောင့် လွတ်လပ်ပေါ့ပါးကာ ရမ္မက်ကြွဖွယ် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now