89

3.8K 779 12
                                    

Unicode

ဖြစ်ခဲ့တာတွေ ဖြစ်ပြီးသွားမှတော့ ဒီအခြေအနေနဲ့ အသားကျနေမှဖြစ်မယ်။ သူတို့နှလုံးသားထဲက အစိုင်အခဲတွေကို ဖြေရှင်းချင်တယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး ယုံကြည်နေမှဖြစ်မယ်..!

ခြူးမုယွင်က ကိုယ့်ကိုယ်ကို စိတ်ဖြေသိမ့်နေခဲ့သည်။

နှစ်ဦးသား ကိုယ်လက်နှီးနှောခြင်း မရှိပါသော်လည်း ရှန်ရွှိန်ယန်း ပြောင်းလဲလာသည်မှာ အမှန်တရားပင်။ သူ၏စွမ်းအားကို ချိပ်ပိတ်ထားရန် နေနေသာသာ၊ သူ့ကို ထိန်းချုပ်ထားတာမျိုး သို့တည်းမဟုတ် ပိတ်လှောင်ထားတာမျိုးပင် မရှိတော့။

ရှန်ရွှိန်ယန်းက ခြူးမုယွင်ကို လွတ်လွတ်လပ်လပ် နေခွင့်ပေးသည်။ ‘ကောင်းကင်မိုးသား’ နန်းတော်သာမက လူသားနယ်မြေတစ်ခွင် သူဘယ်သွားသွား ခွင့်ပြုထားသည်။ လုံးဝမတားဆီးတော့ချေ။

သို့သော် ခြူးမုယွင်က ဘယ်ကိုမှ လျှောက်မသွားပဲ အိပ်ဆောင်၊ တောင်အနောက်ဘက်မှ ရေကန်နှင့် မီးဖိုချောင်ထဲမှာသာ အချိန်ကုန်နေတတ်သည်။

ရှန်ရွှိန်ယန်း၏ ကျင့်ကြံဆင့်အရ ထမင်းစားရန် မလိုအပ်တော့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ချေပြီ။ သို့သော် ခြူးမုယွင်ကို စွဲလမ်းနေသကဲ့သို့ ငါးဟင်းကြိုက်သော စိတ်ဆန္ဒသည်လည်း ဘယ်သောအခါမှ ပြောင်းလဲသွားမည်မဟုတ်ပေ။

ခြူးမုယွင်ကလည်း ရှန်ရွှိန်ယန်းအတွက် ဟင်းချက်ပေးရသည်ကို သဘောကျသည်။ ရှန်ရွှိန်ယန်းအား ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်နိုင်သဖြင့် အလွန်ပျော်မြူးနေတော့သည်။

နေ့ရက်တိုင်းက ဤသို့ငြိမ်းချမ်းနေခဲ့လျှင် ကြည်နူးဖွယ်ရာပင်။ သို့သော် တစ်ပတ်ကြာပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်က တစ်ခုခုပြောင်းလဲလာသည်ကို ခြူးမုယွင်က သတိထားမိလိုက်၏။ ရင်းနှီးနေသော ထိုခံစားချက်၊ စိုးထိတ်နေခဲ့ရသော အနှီပြဿနာကြီးသည် ပြန်ပေါ်လာခဲ့ချေပြီ။ အရင်လောက် မပြင်းထန်ပါသော်လည်း လျစ်လျူရှုထားရန် ခဲယဉ်းနေဆဲပင်။

ထိုအချိန်မှသာ ခြူးမုယွင်လည်း သူ့ရဲ့မိတ်လိုက်ရာသီက နွေဦးသားရဲနှင့်မဆိုင်ပဲ အချိန်မှန် ပေါ်လာတတ်ကြောင်း သိလိုက်ရသည်။ ချစ်တင်းနှောရန် လိုအပ်သည်။ သို့သော် ယခုတော့ ရှဲ့ချင်းလန်ကို မဖြစ်မနေ မလိုအပ်တော့ပါချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now