39

5.4K 995 50
                                    

Unicode

Zero လေးက ရှားလော့ဟုမ်းကဲ့သို့ ရုပ်တည်ကြီးဖြင့်..

“Host သိလား၊ Host သာ မော့ကျိုးရှောင်ကို အမှန်အတိုင်း ပြောပြလိုက်မယ်ဆိုရင် သူပျော်သွားမှာ သေချာတယ်.. Host လိုချင်တာမှန်သမျှကိုလည်း လိုက်လျောပေးလိမ့်မယ်.. ဒီနေ့ချက်ချင်း မင်္ဂလာတန်းဆောင်တာမျိုးတောင် လုပ်လောက်မယ်..”

ခြူးမုယွင် : “ဟမ့်..”

Zero : “ကျွန်တော်မှားလို့လား..?”

ခြူးမုယွင် : “တလွဲတွေချည်းပဲ..”

Zero : “ဘယ်လို..?!”

ခြူးမုယွင် : “အမှန်အတိုင်းပြောလိုက်ရင် မော့ကျိုးရှောင်လုပ်မှာ တစ်ခုပဲရှိတယ်..”

Zero : “ဘာကြီးလဲ..?”

ခြူးမုယွင် : “ငါ့ကို အသေလုပ်(F**k)လိမ့်မယ်..”

Zero : “…………”

စိတ်ထဲတွင် Zero လေးနှင့် စကားပြောနေပါသော်လည်း သားရဲလူသားလေးဟာ စိတ်ရှုပ်ထွေးနေသလိုမျိုး ဟန်ဆောင်နေခဲ့၏။

မော့ကျိုးရှောင်က ရန်ချန်းအား လက်တုံ့ပြန်ရန် ထိုစကားများဖြင့် တမင်ထိုးနှက်လိုက်ခြင်းဖြစ်သည်။ ရန်ချန်း၏ရည်ရွယ်ချက်ကို သိနေသောကြောင့်ပင်။

ရန်ချန်းက ထိုသားရဲငယ်၏ သွင်ပြင်လက္ခဏာကို ခြူးမုယွင်နဲ့ချွတ်စွပ်တူအောင် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ခဲ့တာပဲ။ ဘာအတွက် လုပ်ခဲ့တာလဲ..?။ သူ့ကိုရန်စဖို့ ကြိုးစားနေတယ်ဆိုတာ သိသာသည်။

မော့ကျိုးရှောင်က ရန်ချန်း၏စရိုက်ကို ရှင်းရှင်းလင်းလင်း သိနားလည်ထားသည်။

အကျိုးသင့်အကြောင်းသင့်ဆိုလျှင် မော့ကျိုးရှောင် ပြောပြီးသည်နှင့် ရန်ချန်းက ရှင်းပြရမည်ဖြစ်သည်။ သိုသော် သူ,မလုပ်ခဲ့။ ဘာမှမကြားသလို ဟန်ဆောင်၍ မျက်နှာပြောင်တိုက်ကာ စကားလမ်းကြောင်း ပြောင်းပစ်လိုက်သည်။

“နှင်းကြာပွင့်လေး တစ်ပွင့်အတွက်နဲ့ ငါတို့ရဲ့ခင်မင်ရင်းနှီးမှုကို ဖျက်စီးပစ်စရာမလိုပါဘူး.. မင်းတို့နှစ်ယောက်လုံး တကယ်လိုချင်တယ်ဆို ငါပေးပါ့မယ်..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now