110

4.3K 796 91
                                    

Unicode

သူ့မျိုးဆက်တိုင်း၏ ချစ်ခြင်းတရားကို ခံစားနိုင်သောစွမ်းရည်။

ခြူးမုယွင်တွင် သွေးရင်းသားရင်းဟူ၍ တစ်ယောက်မှမရှိ။ သို့ဖြစ်ရာ 'သူ့ရဲ့မျိုးဆက်' ဆိုသည့်အရာသည် မည်သည့်နေရာမှ ရောက်လာသနည်း။ ရေခဲဝိဉာဉ်သားရဲများ၏ တမူထူးခြားသော မျိုးဆက်ပွားပုံကြောင့် တန်ဖိုးကတော့ ကျိန်းသေပေါက် ပေးဆပ်ရချေလိမ့်မည်။

ရေခဲဝိဉာဉ်သားရဲများသည် ဝိဉာဉ်သားရဲအမျိုးအစားဖြစ်ပြီး ဝိဉာဉ်သားရဲတိုင်း၏ မျိုးဆက်ပွားပုံဟာ တမူထူးခြားလေ့ရှိသည်။ သူတို့သည် လူသားများကဲ့သို့ မျိုးဆက်ပွားရန်အတွက် ဖိုမပေါင်းစည်းရန် မလိုအပ်ပေ။ ရေခဲဝိဉာဉ်သားရဲများသည် အသက်ရှင်ချိန်တွင် မျိုးဆက်ပြန့်ပွားခြင်းမပြုပဲ သေလွန်သွားခါမှ မျိုးဆက်ပြန့်ပွားလေ့ရှိသည်။

ဝိဉာဉ်သားရဲများတွင် ‘သားရဲ’ဟူသော စကားလုံးမျိုး ပါဝင်ပါသော်လည်း အဓိကအချက်သည် ‘ဝိဉာဉ်’ဟူသော အပိုင်းတွင်သာ မူတည်နေပါ၏။ ဝိဉာဉ်သားရဲဟူသည် ကြီးစွာသော ဝိဉာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားပါသော သားရဲတစ်ကောင် ဖြစ်သည်။ ဝိဉာဉ်သားရဲတစ်ကောင် သေလွန်သွားချိန်တွင် ၎င်းဝိဉာဉ်စွမ်းအင်များလည်း ပြန့်ကျဲသွားပေလိမ့်မည်။ ထိုစွမ်းအင်များသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိသွားပြီး အခြေခံအနှစ်သာရအဖြစ် ပေါင်းစည်းသွားလိမ့်မည်။

ဤအတိုင်း နှစ်ပေါင်းများစွာကြာမြင့်လာပြီးနောက် သင့်လျော်သော အခြေအနေတစ်ခုအောက်တွင် အနှီပြန့်ကျဲနေသော ဝိဉာဉ်စွမ်းအင်များသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏စွမ်းအင် (မိုးမြေစွမ်းအင်)ကို စုပ်ယူကာ တဖန်ပေါင်းစည်း၍ ရေခဲဝိဉာဉ်သားရဲအဖြစ် ပြန်လည်မွေးဖွားလာလိမ့်မည်။ ထိုဖြစ်စဉ်သည် အလွန်ရှည်ကြာပြီး အလျဉ်းသင့်သလို ဖြစ်ပေါ်လာတတ်သောကြောင့် မည်သူမျှ ကြိုတင်မှန်းဆနိုင်ခြင်းမရှိပေ။

ထို့အပြင် အသစ်တဖန်မွေးဖွားလာသော ရေခဲဝိဉာဉ်သားရဲသည် ယခင်သားရဲနှင့် လားလားမျှ မတူညီနိုင်ပေ။ မည်သို့ပင်ဆိုစေ ပြန့်ကျဲနေသော ဝိဉာဉ်စွမ်းအင်များ မရေမတွက်နိုင်အောင် တည်ရှိနေတာကြောင့် မည်သည့်စွမ်းအင်များ ပေါင်းစည်းသွားပြီး၊ မည်သည့်စွမ်းအင်များက မိုးမြေစွမ်းအင်ကို စုပ်ယူကာ၊ မည်သို့သော ရေခဲဝိဉာဉ်သားရဲပုံစံ ဖြစ်တည်လာမလဲဆိုတာသည် ကြိုတင်ခန့်မှန်း၍ရသော အရေးကိစ္စမျိုး မဟုတ်ခဲ့ပါချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now