24 Arc-1 End

7.6K 1.1K 89
                                    

Unicode

ရိုးရိုးရှင်းရှင်း စကားလေးတစ်ခွန်းမျှသာ။ သို့သော်လည်း ထိုအရာက လူငယ်လေးဆီမှ အင်အားအကုန်လုံးကို နှုတ်ယူသွားခဲ့သည်။

ခြူးမုယွင်၏မျက်နှာလေးမှာ အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။ သူ့ရဲ့လက်ကောက်ဝတ်မှ တစ်စက်စက်ကျနေသည့် နီညိုရောင်သွေးစက်များကသာ လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်၌ တစ်ခုတည်းသောအရောင်အဖြစ် ခြယ်မှုန်းထားခဲ့လေ၏။

ခြူးမုယွင်က သူ့အား အစီအရင်ဖြင့် သတ်ချင်နေမှန်း မော့ကျိုးရှောင် သိသည်။ သို့သော် အချိန်တိုအတွင်း၊ ဤကဲ့သို့ မထင်မှတ်ထားသည့် အခြေအနေမျိုး၌ သူပျိုးထောင်ခဲ့သည့် လူငယ်လေးက ရူးရူးမိုက်မိုက်တွေ လုပ်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။

ထိုအချိန်ခနလေးအတွင်း ခြူးမုယွင်ကဲ့သို့သော ပြီးပြည့်စုံသည့် တခြားလက်ရာတစ်ခုကို သူ့ရဲ့ဘဝမှာ ဘယ်တော့မှ ထပ်တွေ့နိုင်တော့မည်မဟုတ်ကြောင်း မော့ကျိုးရှောင်တစ်ယောက် ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။

ထို့ကဲ့သို့သော အလှတရား၊ ထက်မြက်မှု၊ သန်မာမှု.. တကယ့်ကို မူးယစ်စွဲလမ်းဖွယ်ပင်။

လူငယ်လေးမှာ နူးညံ့ပျိုမြစ်ခြင်းများဖြင့် အသက်နှစ်ဆယ်သာ ရှိသေးသည်။ ကလေးငယ် တစ်ယောက်မျှသာ။ သို့သော်လည်း ကမ္ဘာလောကကြီးကို တုန်ဟီးသွားစေသည့်အရာမျိုး လုပ်ဆောင်နိုင်စွမ်းရှိ၏။

ဓားလေးတစ်ချောင်းကိုပင် မကိုင်နိုင်တော့တဲ့၊ ကျင့်ကြံခြင်းစွမ်းအားမဲ့နေတဲ့ လူငယ်လေးရဲ့ စွမ်းအင်မဲ့လက်တစ်စုံက နတ်ဆိုးတိုင်းပြည်ရဲ့ အရှင်နှစ်ပါးကို ချုပ်နှောင်ထားနိုင်လိမ့်မယ်လို့ ဘယ်သူတွေးခဲ့မိမှာလဲ..?

ဒီနေ့မတိုင်ခင် တစ်စုံတစ်ယောက်ကသာ ထိုကဲ့သို့သောဖြစ်ရပ်မျိုးကို ပြောပြလာခဲ့ရင် နတ်ဆိုးအရှင်နှစ်ပါးက ရိုက်ထုတ်မိမှာပဲ။ ဒါပေမဲ့ အခုတော့....... အမှန်တကယ် ဖြစ်ပျက်လာခဲ့ပြီ။

မော့ကျိုးရှောင်က ခြူးမုယွင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now