48

5.2K 1K 81
                                    

Unicode

မော့ကျိုးရှောင်က စိတ်ရင်းဖြင့် အလေးအနက်ထားကာ ဆိုသည်။

“ကျေးဇူးအများကြီးတင်ပါတယ်..”

ကျွင်းမော့က သားရဲလေးဘက် လှည့်ကြည့်ရင်း မော့ကျိုးရှောင်ကို ပြန်ဖြေသည်။

“ကျေးဇူးတင်စရာမလိုဘူး.. သဘောတူညီချက်အတိုင်း မင်းဘက်က ဆောင်ရွက်ပေးပြီးပြီပဲ..”

မော့ကျိုးရှောင်၏မျက်နှာက ပြောင်းလဲမှုမရှိ။

“‘ခြူးမုယွင်’ကို ဝါးဆစ်တောအုပ်မှာပဲ အသက်ပြန်သွင်းချင်တယ်..”

ဤသည်မှာ သင့်လျော်သော တောင်းဆိုချက်တစ်ခုပင်။ ထို့အပြင် ဆေးလုံး၏ အကျိုးသက်ရောက်ပုံကို မသိနိုင်သေးဘူး မဟုတ်ပါလား။

သို့ပေမယ့် သေချာတာပေါ့။ မော့ကျိုးရှောင်မှာ တခြားအကြံအစည်တစ်ခုရှိနေသည် : သားရဲလေး၏ ခန္ဓာကိုယ်ကို လိုအပ်နေသည်။

မန္တန်က သိပ်မခက်ခဲပေ။ သို့သော် လက်ခံကိုယ်က ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် လုပ်ဆောင်ခြင်းဖြစ်ရမည်။ အနည်းငယ်မျှသော ခုခံတွန်းလှန်မှု ရှိနေလျှင်ပင် သူတို့၏ဝိဉာဉ်များကို ချောချောမွေ့မွေ့ လဲလှယ်နိုင်မည်မဟုတ်ပါ။

ထို့ကြောင့်ပင် မော့ကျိုးရှောင်က သားရဲလူသားလေးကို ဦးနှောက်ဆေးရန် ကြိုးစားနေခဲ့ခြင်းဖြစ်၏။

ကျွင်းမော့က များများစားစား မတွေးပဲ တုံ့ပြန်လိုက်သည်။

“အရှေ့ကသွား..”

မော့ကျိုးရှောင်က အခန်းထဲ ပြန်ဝင်သွားသည်။ သားရဲငယ်လေးက အနောက်မှလိုက်သွားရန် ပြင်လိုက်ပါသော်လည်း ကျွင်းမော့က တားဆီးလိုက်သည်။

“အပြင်မှာစောင့်နေ..”

သားရဲငယ်လေးသည် အနည်းငယ် တွေဝေသွားပြီး မော့ကျိုးရှောင်အား စိုးရိမ်မှုများဖြင့် လှည့်ကြည့်လိုက်၏။

မော့ကျိုးရှောင်၏ အမူအယာက အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိခဲ့ပါ။ သူက သားရဲလေးကို ပြောသည်။

“အပြင်မှာပဲနေ..”

သားရဲငယ်လေး၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now