98

3.7K 760 8
                                    

Unicode

ရှဲ့ချင်းလန်သည် မရဏဂိတ်တံခါး၏ တောင်ဘက်ပိုင်းတွင် မွေးဖွားလာခဲ့ပြီး ထိုအရပ်သည် မြောက်ပိုင်း ဝိဉာဉ်နယ်မြေထက် အဆမတန် ကြမ်းတမ်းရက်စက်လှ၏။ သူ့ရဲ့အချိန်အများစု ကုန်လွန်ခဲ့ရသော နေရာသည်ကား သွေးဆာရက်စက်သော သားရဲအများအပြားနေထိုင်ရာ ရေကန်ကြီးပင်။ ကန်ရေအောက်မှာ နေထိုင်ကြတာကြောင့် အများစုမှာ ငါးအသွင်ဖြစ်သည်။

ရှဲ့ချင်းလန်မှာ အနှီသားရဲများ၏လက်ချက်ဖြင့် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရသည်။ ပို၍ဝမ်းနည်ဖွယ်ကောင်းသည်က မရဏဂိတ်တံခါး၏ တောင်ပိုင်းအရပ်တွင် သာမာန်ဆန်သော မည်သည့်အရာကိုမျှ ရှာမတွေ့နိုင်ခြင်းပင်။ ထို့ကြောင့် ပုံမှန်အစားအစာဟူ၍မရှိ။ ကျင့်ကြံဆင့်နိမ့်၍ အာဟာရမဖြည့်တင်းပဲ နေလို့မရခဲ့စဉ်က ရှဲ့ချင်းလန်သည် အနှီကြီးမားလွန်းသော ဝိဉာဉ်သားရဲငါးများ၏ သံမဏိလိုမာကျောသော ငါးအသားများကိုသာ စားသောက်ခဲ့ရသည်။

ထိုကာလကိုလွန်မြောက်ခဲ့ပြီးနောက် ရှဲ့ချင်းလန်၏စိတ်ထဲတွင် ‘ငါး’ဟူသောထိုသတ္တဝါကို စူးစူးဝါးဝါး မုန်းတီးလာမိသည်အထိ။ မုန်းတီးလွန်းရကား နူးညံ့ချိုမြိန်သော မြောက်အရပ်မှငါးများကိုပင် နည်းနည်းလေးမျှ စိတ်မဝင်စားတော့ချေ။

သို့သော် ယခုမူ ခြူးမုယွင်က ငါးဟင်းလျာများ ပြင်ဆင်ထားခဲ့သည်။

ရှဲ့ချင်းလန်၏မျက်နှာက အတော်လေး မအီမသာဖြစ်နေသလို။ ထို့ကြောင့် ခြူးမုယွင်က နားမလည်နိုင်ဟန်ဖြင့်..

“ချင်းလန်..?”

ခြူးမုယွင်သည် ရှဲ့ချင်းလန်အား နူးညံ့နွေးထွေးလွန်းသော မျက်နှာလေးဖြင့် မော့ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် မဖုံးကွယ်နိုင်သော မျှော်လင့်စောင့်စားခြင်းများ ဖော်ကျူးလျက်။ ရှဲ့ချင်းလန် ပြန်ရောက်လာချိန်တွင် သူပြင်ဆင်ပေးထားသော ဟင်းလျာများကြောင့် ပျော်ရွှင်ကျေနပ်သွားမည့် အမူအရာလေးကို စောင့်မျှော်နေသလိုပင်။

ရှဲ့ချင်းလန်ခမျာ တဒင်္ဂမျှ စိတ်လွင့်သွားရသည်။ သို့သော် သူ၏ခံစားချက်ကို ပြန်လည်ထိန်းချုပ်လိုက်ပါ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now