151

2.9K 594 14
                                    

Unicode

နေဝင်ဆည်းဆာမြို့တွင် လဝက်ခန့် အချိန်ကုန်ခဲ့ပြီးနောက် မြေခွေးလေး၏ ကျင့်ကြံဆင့်သည်လည်း တစ်စထက်တစ်စ ခိုင်မာလာခဲ့လေသည်။ သို့သော် ခြူးမုယွင် ဖြစ်စေချင်သော ကိုယ်တိုင်ဆေးလုံးဖန်တီးနိုင်သည့် အဆင့်ရောက်ရန် အတော်လေး အလှမ်းဝေးနေသေး၏။

ခြူးမုယွင်ကလည်း တခဏ ထွက်သွားရပေဦးမည်။

ယဲ့သမ့်သမ့်သည် ‘ဥ’အသွင် ဖြစ်နေပါသော်လည်း ရှို့လော်နယ်မြေမှ ထွက်လာနိုင်သူဖြစ်သလို နှစ်ထောင်ပေါင်းများစွာအတွင်း အနှီနယ်မြေမှ ဖြစ်တည်လာသော သက်ရှိအရာတစ်ခုလည်း ဖြစ်နေပြန်သည်။

‘ဥ’အဖြစ် ကူးပြောင်းသွားပါသော်လည်း ရှို့လော်နယ်မြေ၏သေမင်း ဟူသောဂုဏ်ပုဒ်ကို ပြောင်းလဲ၍မရ။ ကျင့်ကြံဆင့်များ ပျောက်ကွယ်၍ မှတ်ဉာဏ်ဆုံးရှုံးသွားရုံမျှသာ။ ‘ဝါးမြိုဖျက်ဆီးခြင်း’စွမ်းရည်လည်း ယာယီပျောက်ဆုံးနေလေသည်။ သို့ဖြစ်၍ ရှို့လော်နယ်မြေအတွက် စတေးရမည့် ဝိဉာည်အရေအတွက်က အကန့်အသတ် ရှိလာတော့သည်။

ထိုအပြင် ယဲ့ကျန့်ဟန်၏ ‘ကလေးပေါက်အရွယ်’ အခြေအနေကြောင့် ထပ်ပေါင်းပြစ်ဒဏ်တစ်ခု ရှိလာပြန်၏။ ယင်းကား လပြည့်ညတိုင်း ရှို့လော်နယ်မြေနှင့် ပေါင်းစည်းရန် လိုအပ်နေခြင်းပင်။ အနှီပေါင်းစည်းခြင်းဟူသည် မကောင်းသော စိတ်ခံစားချက်များ၊ နာကျင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို မျှဝေခံစားရခြင်းဖြစ်၏။ ထိုအတွေ့အကြုံက လူတစ်ယောက်ကို သေမင်းနှုတ်ခမ်းဝအထိ ဆွဲခေါ်သွားနိုင်သည်။

အရိုးသားဆုံးဆိုရလျှင် အတော်လေး စိတ်မသက်မသာဖြစ်စရာပါပင်။

ခြူးမုယွင်တွင် ၎င်းအခြေအနေကိုဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိနေသည်။ သူ၏ လက်ရှိကျင့်ကြံဆင့်က မြင့်မားသလို စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာလည်း သန်မာပြီးသားဖြစ်ရာ ယဲ့သမ့်သမ့်၊ ရှို့လော်နယ်မြေနှင့် သူ၏စိတ်ဝိဉာဉ်တို့ ပေါင်းစပ်နိုင်သရွေ့ သူက ယဲ့သမ့်သမ့်ကိုယ်စား အနှီအပြစ်ဒဏ်ကို ခံယူနိုင်ပေလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now