142

2.7K 683 29
                                    

Unicode

“ကောင်လေး.. မင်းဘယ်ကလာလဲဆိုတာ မှတ်မိသေးလား..? မင်းရဲ့‘အားမု’ မင်းကို ဘယ်လိုကယ်တင်ခဲ့သလဲဆိုတာ မှတ်မိသေးလား..?”

***

ယဲ့ကျန့်ဟန်၏မေးခွန်းက လင်းရွှမ်အတွက် ဘဝတစ်လျှောက်လုံး မေ့မရနိုင်သော မေးခွန်းတစ်ခု ဖြစ်လာခဲ့၏။

ဆိုလိုရင်းကို တိတိကျကျ နားမလည်ပါသော်လည်း သူ့ရဲ့အားကောင်းလွန်းသော အလိုလိုသိစိတ်က အန္တရာယ်အချက်ပြနေခဲ့သည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် သူ,မသိသေးသော၊ အလွန်အရေးကြီးသော လျှို့ဝှက်ချက်များရှိနေကြောင်း ကောင်းကောင်း သတိပြုမိခဲ့သည်။

ယဲ့ကျန့်ဟန်က ဆက်ပြောသည်။

“ခန့်မှန်းကြည့်ရအောင်.. လိုဏ်ဂူတို့ဘာတို့လို အရမ်းလျှို့ဝှက်တဲ့ နေရာမျိုးကနေ လာတာများလား..? ပြီးတော့ ထူးထူးဆန်းဆန်းတွေ ဖြစ်ပျက်ခဲ့သေးလား..? ဥပမာကွာ.. ထူးထူးဆန်းဆန်းသတ္တဝါကြီး မြေကြီးထဲကနေ တိုးထွက်လာတာတို့ဘာတို့ပေါ့..?”

မေးခွန်းမေးနေသလိုလိုနှင့် သူ့ရဲ့ပါးစပ်မှထွက်လာသမျှ စကားလုံးတိုင်းသည် အဖြစ်မှန်တွေချည်းသာ။ သူ့ကြောင့် လင်းရွှမ် မဆိုထားနှင့်၊ ခြူးမုယွင်ပင် တောင့်ခဲသွားရ၏။

Zero : “ဘုရားရေ..!!! ဘာတွေဖြစ်ကုန်တာလဲ..!!! Σ( ° △°|||)!”

ခြူးမုယွင် : “………”

Zero : “အဖြေပြောပြပေးဖို့ တောင်းဆိုပါတယ်..! Host… ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန်လေး ရှင်းပြပေးပါလားဟင်..!”

ခြူးမုယွင် ဘာမှမပြောခဲ့ပေ။ လက်ရှိအခြေအနေက 'လယ်ပြင်မှာဆင်သွားသလို' ရှင်းလင်းနေချေပြီ။ ယဲ့ကျန့်ဟန်သည် အစားထိုးခြင်းအစီအရင်မှအစ အရာအားလုံး သိနေခဲ့သည်။ သို့သော် ထိုအတွက်မေးခွန်းကား သူအဘယ်သို့ သိနေပါသနည်း။

လင်းရွှမ် ပြန်မဖြေခဲ့သော်လည်း သူ့ရဲ့အမူအရာက အရာအားလုံးကို ဖော်ပြနေခဲ့ချေ၏။

ယဲ့ကျန့်ဟန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ပြီးနောက် နှုတ်ခမ်းပါးများထက်မှ ခပ်တိုးတိုးရေရွတ်သံတချို့ ထွက်လာခဲ့လေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now