32

5.6K 1K 34
                                    

Unicode

သားရဲလူသားလေး၏ မျက်ဝန်းများအတွင်း တွေဝေမှုတစ်စွန်းတစ်စ စွန်းထင်နေလေ၏။ သူက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“အဲ့… အဲ့လိုလား..?”

ရန်ချန်းက ခြူးမုယွင်အနားသို့ တိုးသွားလိုက်ပြီး အနည်းငယ် ဟနေသော နှုတ်ခမ်းလေးများပေါ်သို့ အနမ်းခြွေလိုက်သည်။ ထို့နောက် တုံ့ပြန်မေးလိုက်သည်။

“ဦးလေးကို မယုံဘူးလား..?”

“ယုံပါတယ်..!”

သားရဲလူသားလေးက အလျင်စလို ပြန်ဖြေလာခဲ့သည်။

ရန်ချန်းက ထပ်ပြောလိုက်သည်။

“လိမ္မာတဲ့ ကလေးလေး.. ဦးလေးက မင်းကို ဘယ်တော့မှမလိမ်ဘူး..”

သားရဲလေးမှာ ခေါင်းညိတ်လိုက်သော်ငြား သူ့ရဲ့မျက်ဝန်းများအတွင်းမူ ဖယ်ရှား၍မရနိုင်သေးသော ဝေခွဲမရမှုများ ရှိနေဆဲ။

ရန်ချန်းက ချော့မော့လိုက်သည်။

“အရမ်းမတွေးနဲ့တော့.. ဦးလေးက မင်းအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ လုပ်ပေးနေတာပါ.. နောင်တစ်ချိန် လင်းရွှမ်နမ်းလာခဲ့ရင် မချုပ်တည်းထားရဘူး.. မှတ်ထားနော်..”

ပြောနေရင်း ရန်ချန်း၏လက်က ထိုနေရာသို့ ရွှေ့သွားခဲ့လေ၏။ ထို့နောက် တီးတိုးပြောလိုက်သည်။

“မင်းမာနေပြီ.. ဟုတ်တယ်မလား..?”

သားရဲလူသားလေးမှာ ပင်ကိုဗီဇအရ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း ရန်ချန်းကို ယုံကြည်နေဆဲ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ကာ..

“ဟုတ်… အွမ်း….”

ရန်ချန်းက ခြူးမုယွင်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ အားထုတ်စရာမလိုပဲ သားရဲငယ်လေး၏ ခံတွင်းတစ်ခုလုံးကို အလွယ်တကူပင် သိမ်းပိုက်လိုက်ပါ၏။ သူ့ရဲ့လျှာဖျားမှာ နာခံတတ်သော သားရဲငယ်လေး၏ လျှာဖျားလေးနှင့် ယှက်နွယ်နေပြီး ထိုသားရဲလေးအား ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားစေခဲ့သည်။

ရန်ချန်း၏စကားများကြောင့် ခြူးမုယွင်လည်း အရူးတစ်ယောက်လို တုံ့ဆိုင်းမနေတော့ပေ။ စိတ်အလိုအတိုင်း အနမ်းကို ပြန်လည်တုံ့ပြန်နေခဲ့၏။ အရမ်းကာရော မလှုပ်ရှားရဲသော်ငြား ပိုမိုစိတ်ကြွဖွယ်ရာ အနမ်းမျိုးဖြစ်အောင် ကြိုးစားနေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now