137

3K 671 52
                                    

Unicode

သူ့ရဲ့ဘေးပတ်ပတ်လည်တွင် အရာအားလုံး လစ်ဟာနေလေ၏။

လစ်ဟာနေသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ဗလာနတ္ထိ။ အဖြူရောင်လည်းမရှိ၊ အနက်ရောင်လည်းမရှိ။ မျက်လုံးဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ ဘာမှမထူးခြားခဲ့ချေ။ မည်သည့်အရာမှ မခံစားမိသလို၊ တစ်ချိန်တည်းမှာပင် အရာအားလုံး သိမြင်ခံစားနိုင်သလို ခံစားနေရပြန်သည်။

ခြူးမုယွင်တစ်ယောက် ထိုသို့သောနေရာမျိုးတွင် ရောက်ရှိနေခဲ့သည်။

စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းနေရမည့် အခြေအနေတစ်ရပ်…

သို့သော် ခြူးမုယွင်သာ သူ့စိတ်သူ ပြန်လည်ဆန်းစစ်နိုင်ခဲ့လျှင် အပေါ်ယံတည်ငြိမ်မှုအောက် ပုန်းအောင်းနေသော စိုးရိမ်ပူပန်ခြင်းတစ်စွန်းတစ်စကို မြင်နိုင်ပေလိမ့်မည်။ သို့သော် အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေရကား သူ့ကိုယ်သူ လှည့်စားနိုင်ခဲ့လေသည်။

ထိုသို့ဗလာကျင်းနေသော အခြေအနေမျိုးတွင် ခြူးမုယွင်၏စိတ်ထဲ ကိုယ်ပိုင်အတွေးသာမက တခြားကိစ္စများပါ လျှောက်တွေးနေမိတော့၏။ တစ်လောကလုံး အိမ်မောကျနေချိန်တွင် သူတစ်ယောက်တည်း အိပ်မပျော်နိုင်ဖြစ်နေသလို၊ ရှင်းပြရခက်လွန်းသည့် အနှီခံစားချက်ပါပင်။ Zero လေးသာမက တစ်လောကလုံးမှ ဖြစ်တည်မှုအားလုံးကို မခံစားရတော့ပေ။

သို့သော် ဖြစ်ပျက်ခဲ့သမျှကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ။

ခြူးမုယွင်သည် လင်းရွှမ် ရောက်လာမည့်အချိန်ကို တကူးတကတွက်ချက်၍ သူ့ရဲ့အသက်ကို ပေးအပ်ရမည့် ‘အသက်ကိုစတေးခြင်း’ အစီအရင်ကို လင်းစုယွင်အတွက် အသုံးပြုခဲ့လေသည်။

ထိုဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်သော လင်းရွှမ်ခမျာ လင်းစုယွင်အား ထပ်မသတ်ရဲတော့ပေ။ ထိုအစား တစ်ယောက်သောသူ ပြန်ရောက်လာမည့်အချိန်အထိ စောင့်ဆိုင်းနေမိရင်း လင်းစုယွင်ကို ကာကွယ်ပေးနေခဲ့၏။ ထိုလူသားလေး တစ်နေ့နေ့တစ်ချိန်ချိန် ပြန်ရောက်လာမည်ဆိုတာ သူ့ရဲ့အလိုလိုသိစိတ်က ခံစားနေမိလေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now