129 🚨

6.1K 680 35
                                    

Unicode

ခြူးမုယွင် ပြုံးလိုက်သည်။

"ငါသူ့ကို ဂရုစိုက်ရင်ရော.. မင်း... သဝန်တိုမှာလား..?"

လင်းရွှမ်က ဘာမှပြန်မဖြေခဲ့ပေ။

ခြူးမုယွင်သည် လင်းရွှမ်အနား လျှောက်သွားလိုက်ပြီး ခေါင်းအသာမော့ကာ မျက်ဝန်းချင်းစုံအောင် စိုက်ကြည့်လိုက်၏။

လင်းရွှမ်ကလည်း ခြူးမုယွင်၏ မျက်ဝန်းများကို စိုက်ကြည့်နေခဲ့လေသည်။ သို့သော် သူ့စိတ်ထဲမှ ဖြစ်ပျက်နေသမျှကို ထုတ်ပြောပြရန် အားအင်မရှိခဲ့ပေ။

- သူ သဝန်တိုလို့မရဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ အဲ့လိုလုပ်နိုင်ဖို့ အရည်အချင်းမရှိဘူးလေ။

လင်းရွှမ်က ဘာမှပြန်မဖြေတာကြောင့် ခြူးမုယွင်လည်း ဆက်မမေးတော့ပေ။ လင်းရွှမ်ကိုသာ အသာဆွဲယူလိုက်ရင်း ထိုအမျိုးသားလေး၏ နှုတ်ခမ်းပါးများကို နမ်းရှိုက်ခဲ့လေ၏။

လင်းရွှမ်က ခြူးမုယွင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ ထိုအနမ်းကို လုံးဝမတုံ့ပြန်ခဲ့ပါချေ။

ခြူးမုယွင်က လင်းရွှမ်၏ခံတွင်းအထိ တိုးမဝင်ခဲ့ပေ။ နှုတ်ခမ်းအပေါ်လွှာကိုသာ ခပ်ဖွဖွလေး ထိတွေ့နေခဲ့သည်။ လင်းရွှမ်၏အရသာကို မြည်းစမ်းပြီးနောက် နှုတ်ခမ်းနှစ်လွှာကို ဖိကပ်လိုက်ရင်း လျှာဖျားလေးဖြင့် တစ်ဖက်သူ၏ နှုတ်ခမ်းသားတစ်လျှောက် ပွတ်သပ်နေပြန်၏။

သူ့ရဲ့အမူအရာက ယစ်မူးရီဝေနေသလို ပတ်ဝန်းကျင်လေထုကလည်း ယစ်မူးဖွယ်ရာပင်။ မျက်ဝန်းအစုံမှ လျှံကျနေသော ခံစားချက်များတွင် နက်ရှိုင်းစွာသော အချစ်ငွေ့များဖြင့် ပြည့်နှက်လျက်။

လင်းရွှမ်၏စိတ်ထဲ ရှုပ်ထွေးလာတော့၏။ ထိုတဒင်္ဂ ခြူးမုယွင် သူ့ကို တကယ်ချစ်မြတ်နိုးနေသည်ဟု ယုံမှားမိတော့မလိုပင်။ သို့သော် အနမ်းကို ပြန်လည်တုံ့ပြန်တော့မည့်အချိန် ခြူးမုယွင်က ရုတ်တရက် နောက်ဆုတ်သွားခဲ့သည်။

သူ့ရဲ့ဦးနှောက်ထဲ အအေးလှိုင်းတစ်ခု ဖြတ်ပြေးသွားသလို၊ လင်းရွှမ်၏ တောက်လောင်နေသော မျက်ဝန်းများသည်လည်း တမဟုတ်ချင်း အေးစက်သွားခဲ့ရ၏။ သူ့အရှေ့မှ ထိုအမျိုးသား၏ဟန်ပန်သည် မြတ်နိုးတွယ်တာခြင်းတို့အပြည့်။ သို့သော် သူတို့နှစ်ဦးကြားမှ 'စည်း'က ပို၍ပို၍ထင်ရှားလာသလို၊ သူတို့နှစ်ဦးကို သိသိသာသာ စည်း​ခြားထားတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now