130

3.6K 637 34
                                    

Unicode

တကယ်တမ်းတွင် ခြူးမုယွင်က ထွက်သွားတာမဟုတ်ပါဘဲ သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ထားခြင်းသာ။

လင်းရွှမ်၏ လက်ရှိကျင့်ကြံဆင့်အရ ခြူးမုယွင်ကို အာရုံမခံနိုင်သေးသောကြောင့် သူ့အနားမှာ ရှိနေသေးမှန်း တွေးမိမည်မဟုတ်ပေ။ သို့နှင့် ခြူးမုယွင် ထွက်သွားပြီဟုသာ ထင်မြင်နေတော့သည်။

သို့သော် ဤသည်ကပင် ခြူးမုယွင် လိုချင်သောအချက် ဖြစ်၏။ သို့မှသာ လင်းရွှမ်သည် သူ့စိတ်ဖြင့်သူကိုယ် ဤလိုဏ်ဂူထဲမှ ထွက်သွားချင်ပေလိမ့်မည်။

ခြူးမုယွင်က အရိပ်ပမာ လိုက်ကြည့်နေခဲ့သည်။

အနီရောင်ဆံနွယ်ပိုင်ရှင် အမျိုးသားလေးသည် အိပ်ရာပေါ်မှ ဆင်းလာခဲ့၏။ အခန်းတစ်ခုလုံးကို ဝေ့ကြည့်ခြင်းမရှိပါပဲ အခန်းတစ်ခုချင်းစီကို တစ်ကြိမ်စီသာ စိုက်ကြည့်နေခဲ့သည်။ စူးရှရှမျက်ဝန်းများက အနည်းငယ်မျှပင် အတိမ်းအစောင်းမရှိ။

များပြားစွာသော အမှတ်တရတို့ဖြင့် ပြည့်နှက်နေသော ထိုအခန်းအလယ်…

အရာအားလုံးကို အေးတိအေးစက် ငေးမောနေပါသော ထိုအမျိုးသားလေး...

တစ်ဦးတည်းရပ်တန့်နေပုံမှာ သဲကန္တာရထဲမှ သင်းကွဲဝံပုလွေနှယ်။

အမျိုးအနွယ်ကို စွန့်ခွာလာရသည်။ အသိုက်အမြုံ ဆုံးရှုံးခဲ့ရသည်။ ထိုနည်းတူ လင်းရွှမ်သည်လည်း မှီခိုအားထားရသော၊ သို့တည်းမဟုတ် ယုံကြည်ရသော အရာအားလုံးကို ဆုံးရှုံးလိုက်ရချေပြီ။

ခြူးမုယွင်က ထိုမြင်ကွင်းကို မျက်နှာမပျက်တမ်း စောင့်ကြည့်နေခဲ့သည်။ ဤလိုဏ်ဂူတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း လင်းရွှမ်က ဘာမှမလုပ်ခဲ့ပေ။ အင်္ကျီဝတ်ကာ ခြူးမုယွင်၏ သိုလှောင်လက်စွပ်ကိုယူ၍ လုံးဝပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားခဲ့လေ၏။

သူ့ကို ချုပ်နှောင်ထားခဲ့သော ဤလိုဏ်ဂူနှင့် အစီအရင်ကို စွန့်ခွာသွားခဲ့သည်။ သို့သော် သူ့ရဲ့စိတ်ထဲ ဝင်ရောက်စိုးမိုးထားသော လူတစ်ယောက်ကိုတော့ လုံးဝ မလွှတ်ချနိုင်သေးပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Où les histoires vivent. Découvrez maintenant