72

4.3K 838 15
                                    

Unicode
ခြူးမုယွင်က အစီအရင်ပညာရပ်မှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ရာ သူ၏အိပ်ဆောင်အပြင်တွင် အကာအကွယ်စည်းများစွာ စီရင်ထားသည်။ သူ၏ခွင့်ပြုချက်မရှိပဲ တိုးဝင်လာသူတိုင်းအတွက် သေခြင်းတရားသာ စောင့်ကြိုနေလိမ့်မည်။

‘ကောင်းကင်မိုးသား’ နန်းတော်တစ်ခုလုံးတွင် ခြူးမုယွင်၏အိပ်ဆောင်ထဲ ရှန်ရွှိန်ယန်းတစ်ဦးတည်းသာ အဝင်အထွက်ပြုနိုင်သည်။ သို့သော် ယခုတော့ ထိုသူစိမ်းအမျိုးသားသည် အကာအကွယ်စည်းကို ​ဖြတ်ကျော်လျက် တကယ်ကြီး ဝင်ရောက်သွားခဲ့လေပြီ။

ရှန်ရွှိန်ယန်းသည် လက်သီးတင်းတင်းဆုပ်လျက် မျက်ဝန်းများက ရေခဲသို့နှယ် အေးစက်စူးရှနေပါ၏။

သို့သော် တစ်ဖက်မှာလည်း ခြူးမုယွင်ခမျာ အိပ်ဆောင်ထဲသို့ ရောက်သည်နှင့် လဲပြိုကျသွားခဲ့သည်။ နဖူးပြင်ထက်တွင် ချွေးစေးများစို့နင့်လျက် အတတ်နိုင်ဆုံး ထိန်းချုပ်ထားပါသော်ငြား လွတ်ထွက်သွားတော့မလိုပင်။

တံခါးအပြင်မှ အကာအကွယ်စည်းကို ဖယ်ရှားထားတာကြောင့် ရှဲ့ချင်းလန် ရောက်သည့်အချိန် အလွယ်တကူ ဝင်လာနိုင်လိမ့်မည်။

သေချာတာပေါ့။ သိပ်မကြာခင်မှာပင် ရှဲ့ချင်းလန်က ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ရောက်ချလာခဲ့သည်။

ခြူးမုယွင်က စားပွဲပေါ်သို့ လက်တစ်ဖက်ဖြင့် ထောက်ကန်ထားခဲ့သည်။ ကြီးမြတ်သန်မာသော ကိုယ်ဟန်အနေအထားမျိုး ထိန်းထားပါသော်လည်း သေချာကြည့်လျှင် စားပွဲကိုအားပြုထားသော ခန္ဓာကိုယ်သည် ပျော့ခွေကျလုမတတ်။

အခန်းထဲသို့ ရှဲ့ချင်းလန် ဝင်လာသည်နှင့် ခြူးမုယွင်က ဆတ်ခနဲမော့ကြည့်ကာ..

“အဲ့တာကို ပြန်ထုတ်ပေးစမ်း..!”

(TN : ရှဲ့ချင်းလန်က ခြူးမုယွင်ရဲ့ခန္ဓာကိုယ်ထဲ တစ်ခုခု ထည့်ထားတာပါ။)

ခြူးမုယွင်ကိုကြည့်ရင်း ရှဲ့ချင်းလန်မှာ အသည်းယားလာရသလို..

“တစ်နေကုန် သည်းခံနိုင်ခဲ့ပြီးမှ ခန​လေးတောင် မထိန်းထားနိုင်တော့ဘူးလား..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now