154

2.7K 642 50
                                    

Unicode

လိုဏ်ဂူထဲ ရောက်လာပြီးကတည်းက သူတို့နှစ်ဦးလုံး အပြင်မထွက်ဖြစ်ပေ။

ခြူးမုယွင်က တမင်တကာ အပြင်မထွက်ခြင်းဖြစ်ပြီး ကျွင်းမော့ကတော့ အပြင်သွားရန် သတိရပုံမပေါ်။

တကယ်တော့ နားလည်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဤလိုဏ်ဂူလေးထဲတွင်တော့ စိတ်အေးလက်အေး နေနိုင်သည်လေ။  ဇိမ်ကျကျဘဝမျိုးတွင် နစ်မျောနေမိရင်း အချိန်ကိုပါ မေ့သွားလောက်သည်။ သို့ဖြစ်ရာ သူဘယ်ရောက်နေမှန်း ဂရုမစိုက်တော့တာ ပုံမှန်ပါပင်။

ဤသို့ဖြင့် ခြောက်ရက်မြောက်နေ့တွင် ခြူးမုယွင် အပြင်ထွက်လာခဲ့၏။

သိုလှောင်အိတ်ထဲမှ ရိက္ခာပြတ်လပ်သွား၍ မဟုတ်ပါဘဲ အပြင်မှာခင်းကျင်းထားသော အကာအကွယ်စည်းက ပစ္စည်းထပ်ဖြည့်ရန်နှင့် ပြန်လည်ပြုပြင်ရန် လိုအပ်လာသောကြောင့်ပင်။

ပထမဆုံးနေ့၌ ခြူးမုယွင်သည် သာမာန်အစီအရင်တစ်ခုသာ ခင်းကျင်းခဲ့၏။ သို့သော်ငြား တစ်ညတည်းဖြင့် ဖျက်ဆီးခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခြူးမုယွင်မှာ ရွေးချယ်စရာမရှိတော့ဘဲ အပြင်ထွက်၍ ခုခံကာကွယ်ရေးအစီအရင်များ တစ်ခုပြီးတစ်ခု ခင်းကျင်းရတော့သည်။ ပြီးနောက် အစီအရင်ကို အနန္တဝိဉာဉ်ကျောက်တုံးခုနစ်တုံးဖြင့် အားဖြည့်ခဲ့လေသည်။

ဝိဉာဉ်ကျောက်တုံးများ မည်မျှတန်ဖိုးကြီးမားကြောင်း ဖော်ပြထားပြီးသားဖြစ်ရာ ယခုတော့ ခြောက်ရက်မျှမကြာသေး၊ အနန္တဝိဉာဉ်ကျောက်တုံးခုနစ်တုံးလုံး ကွဲကြေသွားခဲ့ချေပြီ။

Zero : “အလှလေးကို ရွှေလှောင်အိမ်ထဲ ဖွက်ထားရတာလည်း မလွယ်လိုက်တာနော်.. အဆင့်မြင့် ကြယ်ခုနစ်ပွင့်ဟိုတယ်မှာ တစ်ညသွားတည်းရင်တောင် အဲ့လောက်ဈေးကြီးမှာမဟုတ်ဘူး..”

ခြူးမုယွင် : “တင်စားတာ မဆိုးဘူးပဲ.. အမှတ်ပြည့်ပေးမယ်..”

Zero : “~(≧▽≦)/~”

ခြူးမုယွင် : “ဒါပေမဲ့ အလှလေးကို ဖွက်ထားတာဆိုရင်လည်း အသားယူတာဘာညာတော့ လုပ်လို့ရသင့်တာပေါ့.. အခုတော့ ငါ့ရဲ့ဘဝက မြင်သာမြင်ရ မကြင်ရပါကွာ.. ဒီထက်ဆိုးတာ ရှိပါဦးမလား..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now