78

4.1K 853 21
                                    

Unicode

‘ခေါင်းဆောင်ကြီး’ ဟူသော စကားလုံးက ရှန်ရွှိန်ယန်းကို ဒေါသထွက်လာစေ၏။

“ခင်ဗျားနဲ့ မဆိုင်ဘူး..!”

ရှဲ့ချင်းလန်က ပြုံးရုံသာပြုံးနေခဲ့ပြီး ဘာမှပြန်မပြောခဲ့ချေ။

နောက်ဆုံးတော့ ထိုကောင်လေးလည်း အသက်ချမ်းသာရာ ရသွားပြီး နေရာမှထကာ ကြောက်လန့်တကြား ပြေးထွက်သွားတော့သည်။ သူ့ခမျာ အဝတ်အစားပင် ပြန်မဝတ်နိုင်ခဲ့ချေ။

ယခုတော့ အမျိုးသားနှစ်ဦးသာ မျက်နှာချင်းဆိုင် ကျန်ရစ်နေခဲ့သည်။

ရှန်ရွှိန်ယန်း၏ မျက်ဝန်းများသည် လူသတ်ငွေ့များဖြင့် ပြည့်နှက်နေပါသော်လည်း ဆင်ခြင်ပိုင်းခြားနိုင်စွမ်း ရှိသေးသည်။ အစောပိုင်းက ရှဲ့ချင်းလန် ထုတ်ဖော်လာခဲ့သော စွမ်းအားအရှိန်အဝါသည် တွေ့မြင်နေကျနှင့် လုံးဝကွာခြားနေခဲ့သည်။

-ဒီလူက စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ..!

ရှဲ့ချင်းလန်က ရှန်ရွှိန်ယန်းကိုကြည့်ကာ မဆီမဆိုင် ပြောလာသည်။

“ခုနကတစ်ယောက်လေ.. ချောသားပဲနော်..”

ရှန်ရွှိန်ယန်းက မလှုပ်မယှက်ဖြင့် သူဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေခဲ့သည်။

ရှဲ့ချင်းလန်က ကောက်ကျစ်စဉ်းလဲသော အကြည့်ဖြင့်..

“ငယ်ရွယ်လတ်ဆက်နေရောပဲ.. သခင်ငယ်လေးက ဒီလိုကလေးမျိုးကို ဘယ်လိုလုပ်တွန်းထုတ်နိုင်ရတာလဲ..?”

ရှဲ့ချင်းလန်၏ ဆိုလိုရင်းကို ရှန်ရွှန်ယန်း နားမလည်နိုင်ခဲ့ချေ။ ထိုလူ၏နှုတ်ခမ်းမှ ထွက်ကျလာသမျှသည် ကောင်းသောကိစ္စ မဖြစ်နိုင်မှန်း သိပါသော်လည်း အဆုံးထိ ကြားချင်နေမိသည်။

ရှဲ့ချင်းလန်း၏ မျက်ဝန်းများ အရောင်တောက်လာခဲ့သည်။ အသံကိုနှိမ့်လျက် အဓိပ္ပါယ်ပါပါ ပြောလာသည်။

“တကယ့်ပထမဆုံးအကြိမ်က ဘယ်လိုမျိုးလဲဆိုတာ သိရအောင် အဲ့ကောင်လေးနဲ့ လုပ်ကြည့်သင့်တယ်နော်..”

ထိုစကားလုံးများအောက် ဖုံးကွယ်ထားသော အဓိပ္ပါယ်သည် သိသာလွန်းလှပေ၏။ ရှန်ရွှိန်ယန်းလို ဉာဏ်ကောင်းသော လူတစ်ယောက်အနေဖြင့် မသိစရာအကြောင်းမရှိပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Место, где живут истории. Откройте их для себя