88

3.7K 756 28
                                    

Unicode

*သရုပ်ဆောင်ကောင်းတစ်ယောက်သည် ဘယ်သောအခါမှ စာသားမမေ့*

ပြဇာတ်ကို အားပါးတရ ကြည့်ရှုခံစားပြီးနောက် ဆရာခြူး၏အလှည့် ရောက်လာခဲ့ချေပြီ။ သို့နှင့် ခြူးမုယွင်လည်း တုံ့ဆိုင်းခြင်းအလျင်းမရှိ စတင်လိုက်တော့သည်။

လက်ရှိ ရှန်ယွင်၏ စိတ်အခြေအနေကား အလွန့်အလွန် အထိခိုက်မခံနိုင်သော အခြေအနေမျိုးပင်။

နွေဦးသားရဲ၏ ညှင်းပန်းနှိပ်စက်မှုကို အချိန်အတော်ကြာ ခံစားခဲ့ရပြီးနောက် စိတ်ထိခိုက်လွယ်လာသည်။ ထိုအချိန်တွင် ရှန်ရွှိန်ယန်း၏ စကားလုံးများက မီးလောင်ရာ လေပင့်လိုက်သလို ကန့်သတ်မှုကို ကျော်လွန်သွားရပြီး သေခြင်းတရားကို ရွေးချယ်သွားစေခဲ့၏။

မျှော်လင့်ချက်မဲ့သော ဘဝမျိုးတွင် ပြန်လည်ရှင်သန်လာရလည်း ပျော်ရွှင်နိုင်တော့မည်မဟုတ်ပါ။ သူ့အတွက် စောင့်ကြိုနေမည့် တစ်ခုတည်းသောအရာသည် အဖြေမရှိသော အဆုံးသတ်တစ်ခုသာဖြစ်ရာ ရှန်ယွင်ကို ပိုမိုနာကျင်စေလိမ့်မည်။

ဤသည်မှာ ခြူးမုယွင်က ရှန်ရွှိန်ယန်း၏ နှလုံးသားလေးကို ခပ်ဆက်ဆက် ရိုက်နှက်ပစ်လိုက်ခြင်းပင်။ ယခင်ရှန်ရွှိန်ယန်းဆိုလျှင် ဒေါသအဟုန်ညီးညီး တောက်လောင်လာလိမ့်မည်။ သို့သော် ယခုတော့ ခြူးမုယွင်၏စကားကြောင့် နာကျင်ခံစားသွားရသည်။

ရှန်ရွှိန်ယန်းက ခေါင်းငုံ့လိုက်ပါရင်း ခြူးမုယွင်၏လက်ကို ဆုပ်ကိုင်ထားခဲ့သည်။

''အားယွင်.. ကျွန်တော် မှားသွားပါတယ်..''

ခြူးမုယွင်မှာ တောင့်ခဲသွားခဲ့သည်။ သိသာစွာပင် ဘာတွေဖြစ်ပျက်သွားမှန်း လိုက်မှီဟန်မပေါ်။

ရှန်ရွှိန်ယန်းက သက်ပြင်းယဲ့ယဲ့ရှိုက်ကာ နွေဦးသားရဲအကြောင်း ဖြစ်ပျက်သမျှအလုံးစုံကို ရှင်းပြလိုက်တော့သည်။

သေချာတာပေါ့။ ခြူးမုယွင်က သိပါသော်လည်း ရှန်ယွင်အနေဖြင့် ဘာမှမသိသေးသောကြောင့် ထိုစကားများ ကြားလိုက်ရချိန်တွင် လုံးဝဥဿုံ ကြောင်အ,သွားတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now