106

3.4K 739 18
                                    

Unicode

ရှန်ရွှိန်ယန်း.. ငါမင်းနဲ့ ထပ်တွေ့မယ့်အစား သေပစ်လိုက်မယ်..!”

စကားတစ်ခွန်းမျှသာ။ သို့သော် ၎င်းသည် ရှန်ရွှိန်ယန်း၏ အကြားအာရုံကို ထုံထိုင်းသွားစေခဲ့ပါ၏။

ခြူးမုယွင် ဤသို့ပြောနေခြင်းဟာ တားမြစ်အစီအရင်ဖြစ်သော ‘အချစ်-အမုန်း ဖလှယ်ခြင်း’ အစီအရင်ကြောင့်မှန်း ရှန်ရွှိန်ယန်း သိသည်။ သူ့အား ရှဲ့ချင်းလန်အဖြစ် ထင်မှတ်နေလေပြီး ‘ရှန်ယွင်’ အမှန်တကယ် မမြင်ချင်သူဟာ သူ,မဟုတ်မှန်းလည်း သိနေပါသည်။ သို့တိုင်…

အသွေးထဲအသားထဲအထိ စူးနင့်ဝင်နေသော ခါးသီးခြင်းများကို ခံစားနေရဆဲ။ လေးနှစ်လုံးလုံး လွမ်းဆွတ်ခဲ့ရပြီးနောက် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေခဲ့သလို အနှီခါးသီးခြင်းများသည် တိုက်စားတတ်သော အဆိပ်ပြင်းပြင်းနှယ် ရှန်ရွှိန်ယန်းကို ကြီးစွာသော နာကျင်မှုများဖြင့် မနားတမ်း ဒုက္ခပေးနေတော့သည်။

ရှန်ရွှိန်ယန်းသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားပါရင်း အသာအယာ ရှင်းပြလိုက်သည်။

“အားယွင်.. ရှဲ့ချင်းလန်ကမှ အဲ့ကိစ္စတွေကို လုပ်ခဲ့တဲ့သူလေ.. နွေဦးသားရဲက ရှဲ့ချင်းလန်ရဲ့ဟာ.. ကျွန်တော့်ဟာ မဟုတ်ဘူး..”

“အဓိပ္ပါယ်မရှိတာတွေ..! ရှဲ့ချင်းလန်ကို ငါကိုယ်တိုင် ကျင့်ကြံနည်းသင်ပေးခဲ့တာ.. သူဘာလုပ်နိုင်လဲဆိုတာ ငါဘာလို့မသိရမှာလဲ..? မင်းရဲ့မကောင်းဆိုးဝါးအတတ်တွေကို သူက ဘယ်လိုလုပ် တတ်မှာလဲ..? မင်း မကောင်းတာတွေ လုပ်နေတဲ့အချိန် ချင်းလန်က အသက်ဘယ်လောက်ရှိသေးလို့လဲ..? ဒီလိုယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုးကို သူက ဘာလို့လုပ်ရမှာလဲ..?”

“ရှန်ရွှိန်ယန်း.. မင်း ဒီလိုအဓိပ္ပါယ်မရှိတဲ့ စကားတွေကို ထမင်းစားရေသောက် ပြောနိုင်တာပဲနော်..? ဘယ်လိုပုံစံမျိုးနဲ့ ထပ်လှည့်စားဖို့ကြံနေသလဲ ငါမသိပေမယ့် ပြောလိုက်မယ်.. မင်းငါ့ကို နောက်တစ်ခါ ထပ်ပြီးထိန်းချုပ်လို့ရတော့မှာမဟုတ်ဘူး.. လူသားနယ်မြေမှာမဟုတ်လို့ ခြိမ်းခြောက်ချင်တိုင်းလည်း ခြိမ်း​ခြောက်ခံတော့မှာမဟုတ်ဘူး..!”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?On viuen les histories. Descobreix ara