100

3.9K 945 42
                                    

Unicode

မည်သို့ပင်ဆိုစေ ခြူးမုယွင်အတွက် ရှန်ရွှိန်ယန်း၏ အမှတ်တရများမှ ရုန်းထွက်၍ ရှဲ့ချင်းလန် ဖန်တီးအပ်သော အမှတ်တရများတွင် ပျော်ဝင်ရန်မှာ အချိန်သိပ်မကြာခဲ့ချေ။ ဝိဉာဉ်နယ်မြေအနှံ့ လျှောက်လည်ရန်လည်း ပြဿနာတစ်ခု မဟုတ်ခဲ့သလို ရှန်ရွှိန်ယန်း ရှာတွေ့သွားမှာကိုလည်း ရှဲ့ချင်းလန်က စိတ်မပူခဲ့ပေ။

ရှဲ့ချင်းလန်သည် ပုံရိပ်ယောင်ဖန်တီးခြင်းအတတ်တွင် တစ်ဖက်ကမ်းခပ် ထူးချွန်သည်။ အိပ်မက်သားရဲ၏ စွမ်းရည်၊ ကုချင်း၏ တိုက်ခိုက်နိုင်စွမ်းတို့ဖြင့် ပေါင်းစပ်လိုက်သော် တစ်စုံတစ်ယောက်ကို ပုံရိပ်ယောင်နယ်မြေထဲ ဆွဲချပစ်နိုင်ရုံသာမက သီးသန့်ပုံရိပ်ယောင်များပင် ဖန်တီးပေးနိုင်၏။

(TN : ပုံရိပ်ယောင်နယ်မြေက စိတ်ညှို့ခံရတဲ့လူရဲ့ အတွင်းစိတ်ကနေ ထွက်ပေါ်လာတာဖြစ်ပြီး သီးသန့်ပုံရိပ်ယောင်တွေက ရှဲ့ချင်းလန်ကိုယ်တိုင် သူလိုချင်တဲ့အတိုင်း ဖန်တီးထားတာပါ။)

ခြူးမုယွင်ကိုထားသော နန်းတော်သည် တကယ်တမ်း လူစည်းကားသော နယ်မြေမှာပင် တည်ရှိနေလေသည်။ သို့သော် ရှဲ့ချင်းလန်က နန်းတော်တစ်ခုလုံးကို အတွင်းရောအပြင်ပါမကျန် ပုံရိပ်ယောင်များဖြင့် ဖုံးကွယ်ထားရာ မည်သူမျှ သတိပြုမိမည်မဟုတ်ပေ။

ဤတစ်လောကလုံးတွင် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှ ကွာခြားချက်ကို ရှဲ့ချင်းလန် တစ်ဦးတည်းသာ ခွဲခြားနိုင်သည်ဟု ဆိုနိုင်သည်။

‘ရှန်ယွင်’ကို ရှာရန်အတွက် ရှန်ရွှိန်ယန်းခမျာ ဝိဉာဉ်နယ်မြေတစ်ဝက်ခန့်အထိ ကိုယ်တိုင်ကိုယ်ကျ ခြေဆန့်ခဲ့ရပါ၏။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ရှဲ့ချင်းလန် ဖုံးကွယ်ထားသရွေ့ ဘယ်သောအခါမှ ရှာတွေ့နိုင်မည်မဟုတ်ပေ။

ရှဲ့ချင်းလန်က ခြူးမုယွင်ကို အပြင်သွားခွင့်ပြုသည်။ သူအနားမှာရှိသရွေ့ မည်သည့်ပြဿနာမှ ရှိလာမှာမဟုတ်သောကြောင့်ပင်။

သူက ခြူးမုယွင်ကို ပြောင်းလဲပစ်ချင်သည်။ ထိုအမျိုးသား၏ နှလုံးသားထဲမှ ရှန်ရွှိန်ယန်းကို အပြီးတိုင် ပျောက်ကွယ်သွားစေလိုသည်။ ထို့ကြောင့် ခြူးမုယွင်အား လုံးဝချုပ်ချယ်နေမည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Donde viven las historias. Descúbrelo ahora