27

5.7K 1K 99
                                    

Unicode

“အို့..?”

အလျင်မလိုသည့် အမျက်ဒေါသအရှင်ကြီးမှာ နားရွက်ထောင်လာခဲ့သည်။

ရန်ချန်းက ရေခဲဝိဉာဉ်သားရဲလေး၏ နူးညံ့သည့်နားရွက်လေးကို လက်ချောင်းသွယ်များဖြင့် ပွတ်သပ်ပေးရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ဝိဉာဉ်သားရဲတစ်ကောင်ရဲ့ အခြေခံက သူတို့ရဲ့စိတ်ဝိဉာဉ်ပဲ.. စိတ်ဝိဉာဉ်ဆိုတာ စွမ်းအင်ပုံစံတစ်မျိုးပဲလေ.. ငါ့ရဲ့အိမ်မှာ စိတ်ဝိဉာဉ်ကျောက်တုံးတွေ အများကြီးရှိသေးတယ်.. ဒီကောင်လေးကို နည်းနည်းလောက် ကျွေးလိုက်ရင် အရွယ်ရောက်ဖို့ သိပ်ကြာမှာမဟုတ်ဘူး..”

လင်းရွှမ်က မျက်ခုံးပင့်လိုက်ပြီး..

“စိတ်ဝိဉာဉ်ကျောက်တုံးတွေက ကြမ်းတမ်းခက်ထန်တဲ့ သဘာဝရှိတယ်.. အဲ့ဟာတွေကို စားလိုက်ရင် ဒီကောင်လေး အသက်ရှင်ပါဦးမလား..?”

ရန်ချန်း : “ဒါပေါ့.. ဒီအတိုင်းစားရင်တော့ မကောင်းတာတွေ ဖြစ်လာလိမ့်မယ်.. ဒါပေမဲ့ ငါ့ရဲ့ကာကွယ်မှုအောက်မှာရှိနေရင် ဘာမှဖြစ်မှာမဟုတ်ဘူး..”

လင်းရွှမ် : “တစ်ခုခုဖြစ်သွားခဲ့ရင်…….”

ရန်ချန်းက နားလည်သည်။ : “ ‘အသက်တံခါး’ကို မင်းအတွက် ဖွင့်ပေးမယ်..”

လင်းရွှမ်က ကျေနပ်သွားပြီး : “ကောင်းပြီလေ..”

စကားဝိုင်းပြီးသွားသည့်တိုင်အောင် ထိုစကားဝိုင်း၏ အဓိကဇာတ်လိုက်လေးမှာ သူ့ရဲ့အတွေးအမြင်ကို တစ်ခွန်းပင် အမေးမခံလိုက်ရချေ။ သို့သော်လည်း မေးလာခဲ့လျှင်ပင် သုန်သုန်.. အာ မဟုတ်သေးဘူး၊ ဆရာခြူးက ငြင်းဆန်လိမ့်မည်မဟုတ်ပေ။

Zero : “ကျွန်တော်ထင်တာတော့….”

ခြူးမုယွင် : “ဟမ်..?”

Zero : “ခင်ဗျားတစ်ခုခုဖြစ်သွားမှာကို အမျက်ဒေါသ စိုးရိမ်နေတဲ့အကြောင်းအရင်းက……..”

“အို့..” ခြူးမုယွင်က ပြောလိုက်သည်။ “ရေခဲဝိဉာဉ်သားရဲတွေက အရွယ်ရောက်သွားရန် တိုက်ခိုက်နိုင်စွမ်း အရမ်းမြင့်မားကြတယ်လေ.. ပြိုင်ဘက်ကောင်းတစ်ယောက် ဆုံးရှုံးရမှာကို ကြောက်နေတာ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now