166

2.6K 606 44
                                    

Unicode

ကျွင်းမော့က ထိုသို့ရှင်းပြနေသော်လည်း ခြူးမုယွင်အပေါ် သက်ရောက်မှုမရှိခဲ့ပေ။

ရေပူစမ်း၏ရေက မည်သို့ဖြစ်နေပါစေ သူ ဂရုမစိုက်။ ရေထဲ မည်သည့်ဂုဏ်သတ္တိမျိုး ပါဝင်နေပါစေ၊ ခန္ဓာကိုယ်အတွက် မည်မျှကောင်းမွန်ပါစေ၊ သူ့အတွက် ဘာမှမဟုတ်ချေ။

ဒါကို ကျွင်းမော့ သိသင့်သည်။

တုံ့ဆိုင်းနေဆဲဖြစ်သော ခြူးမုယွင်ကိုကြည့်ရင်း ရှန်ရွှိန်ယန်းက ခပ်သောသောရယ်ကာ : “ကိုယ်တို့သုံးယောက်လုံးက ယောက်ျားတွေပဲလေ.. ပြဿနာမရှိပါဘူး..”

တကယ်လည်း ရေပူစမ်းလေးတစ်ခုသာ။ လိင်အမျိုးအစားအလိုက် အတူတူ ရေဆင်းစိမ်ကြသည်မှာ ပုံမှန်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေ အနှီဖော်ပြချက်တွင် လိင်တူနှစ်သက်သူများ မပါဝင်ပါချေ။

သို့သော် ယခုတော့၊ သုံးယောက်လုံး လိင်တူနှစ်သက်သူများ ဖြစ်နေသောအခါ…

ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီ။

Zero လေးက ခပ်တိုးတိုး ပြောလာသည်။ : “ကျွန်တော် အာရုံငါးပါး ပိတ်ထားသင့်ပြီလား..?”

ခြူးမုယွင် : “………..”

Zero : “(//?//), ရှက်စရာကြီး..”

ခြူးမုယွင် : “ပေါက်ကရတွေ လျှောက်မတွေးစမ်းနဲ့..”

လူသုံးယောက်ရှိသည့်အနက် နှစ်ယောက်က သူတို့၏အတွေးကို ဖော်ပြလာပြီဖြစ်ရာ ခြူးမုယွင်ခမျာ ဆက်မူနေ၍ မရတော့ချေ။ ထို့အပြင် ခြူးမုယွင်ကိုယ်တိုင်ကလည်း ရေချိုးရန် အတွေးရှိနေပြီးသားဖြစ်၏။

ကျွင်းမော့နှင့် ရှန်ရွှိန်ယန်းတို့၏ အကြံအစည်ကို သူ ကောင်းကောင်း နားလည်သည်။

တစ်ယောက်က သူ့ကို စစ်ဆေးချင်နေဆဲ။ အင်္ကျီဝတ်ထားချိန်တွင် အသေးစိတ် အကဲမခတ်နိုင်သော်ငြား အင်္ကျီချွတ်လိုက်လျှင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေလိမ့်မည်။

နောက်တစ်ယောက်၏ အတွေးက ပို၍ပင် ခန့်မှန်းရလွယ်သေးသည်။ ရှန်ရွှိန်ယန်း၏ရည်ရွယ်ချက် သိပ်မရိုးရှင်းတာကို ခံစားမိသောကြောင့်ထင့်၊ ကျွင်းမော့သည် ရေစိမ်သည်ကို အခွင့်ကောင်းယူကာ သူ၏ပိုင်ဆိုင်မှုကို တရားဝင်ကြေညာရန် ဆုံးဖြတ်လိုက်ခြင်းပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now