79

4.3K 824 35
                                    

Unicode

ရှန်ယွင်(ခြူးမုယွင်)က ရှန်ရွှိန်ယန်းကို အချိန်အတော်ကြာအထိ ကြေကွဲနေဦးမည်၊ ဖြစ်ပျက်ခဲ့သမျှတွေကို လက်မခံနိုင်သေးပဲ ‘ဘာကြောင့်လဲ’ ဟူ၍ ထပ်ခါတလဲလဲ မေးလာဦးမည်ဟု ထင်မှတ်ထားခဲ့သည်။ သူ့ရဲ့စိတ်ကိုပင် အသင့်ပြင်ထားပြီး အသည်းမာမာဖြင့် ပြတ်ပြတ်သားသား ပြောဆိုပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော် တကယ်တမ်းတွင်တော့ ဘာမှမလုပ်လိုက်ရချေ။

ထိုအစား သူ၏အခန်းအပြင်တွင် ခုနစ်ရက်ခုနစ်ညတိုင်တိုင် ရပ်စောင့်ခဲ့ဖူးသော ကောင်ငယ်လေးသည် ရက်ပိုင်းအတွင်း အရာရာကို နားလည်သွားခဲ့ဟန်တူသည်။ ရှန်ရွှိန်ယန်းကား လက်လျော့သွားခဲ့ချေပြီ။

ခြူးမုယွင်က ကိုယ့်ကိုယ်ကို သိမ်ငယ်စွာ လှောင်ရယ်မိရင်း သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

“ဘာမှစိတ်မပူနဲ့.. မင်းက ငါ့ရဲ့တစ်ဦးတည်းသောသားပါ.. တစ်နေ့ကျရင် ဒီ‘ကောင်းကင်မိုးသား’နန်းတော်ကို မင်းရဲ့လက်ထဲပဲ လွှဲအပ်ခဲ့ရမှာ..”

ခြူးမုယွင် ထိုစကားပြောနေစဥ် ရှန်ရွှိန်ယန်း၏ မျက်ဝန်းများသည် အပြုံးရိပ်သန်းနေပါသော်လည်း နက်ရှိုင်းသော တစ်နေရာတွင် အမှောင်ထုကြီးတစ်ခု တည်ရှိနေလေ၏။

ဒါက လျော်ကြေးလား..? သူ့ကို စွန့်ပစ်နိုင်ဖို့အတွက် သက်မဲ့ပစ္စည်းတွေကို အစားပြန်ပေး​နေတာလား..?

အပြတ်ရှင်းနေတာပဲ..!

ရှန်ယွင်က ရာထူး၊ အာဏာ၊ စည်းစိမ်တွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး။ ဒါတွေအကုန်လုံးကို လွှင့်ပစ်နေတာ တခြားယောက်ျားတစ်ယောက်နဲ့ ဘဝတစ်ခုလုံး အတူကုန်ဆုံးချင်လို့၊ အဝေးကိုထွက်သွားနိုင်အောင်လို့၊ ဟုတ်တယ်မလား..?

ရှန်ရွှိန်ယန်း၏ နှလုံးသားထဲတွင် စူးနင့်နေသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပါ၏။ သို့သော် မျက်နှာပေါ်မှ အပြုံးလေးသည် ပို၍တောက်ပလာခဲ့သည်။

“အဖေ.. အဖေက အရွယ်ကောင်းပဲရှိသေးတာ.. အဲ့အကြောင်းတွေ မပြောကြရအောင်လေ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now