125

3.7K 656 36
                                    

Unicode

နှစ်ပေါင်းများစွာ အတူနေလာခဲ့ပြီးနောက် လင်းရွှမ်သည် ခြူးမုယွင်အပေါ် ချွင်းချက်မရှိ ယုံကြည်လာ၏။ ပင်ကိုစွမ်းရည်ကောင်းသလို ကျင့်ကြံရေးတွင်လည်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နှစ်တစ်ရာအတွင်း ဤမျှအနေအထားအထိ ရောက်ရှိလာသည်က ‘ခွေးဝံပုလွေ’ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်ကြောင်း ဖော်ပြနေလေသည်။

ထိုအမျိုးသားလေးကို နေ့နေ့ညည ပျိုးထောင်ခဲ့ပြီးသည်နောက် နှစ်ယောက်သားခွဲခွာရန် အချိန်ကျရောက်လာချေပြီ။ ခြူးမုယွင်မှာ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ မည်သို့ပင်ဆိုစေ အနှီခွေးဝံပုလွေလေးက အရမ်းတော်ပြီး လိမ္မာရေးခြားရှိသည်လေ။

Zero လေးကတော့ ‘အမျက်ဒေါသ’ အရှင်ကြီး၏ Fanboy လုံးလုံး ဖြစ်သွားခဲ့လေ၏။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ‘အမျက်ဒေါသ’ အရှင်ကို ခြူးမုယွင် နှိပ်စက်တော့မှာဖြစ်ကြောင်း သိသွားချိန်တွင် Zero လေးခမျာ တမှိုင်မှိုင်တတွေတွေဖြင့် သိသိသာသာကို စကားပြောနည်းလာခဲ့ပြီး သူ့ရဲ့ Emoticons များကိုပင် အသုံးမပြုတော့ချေ။

ခြူးမုယွင်ပင် Zero လေး သူ,မမြင်နိုင်သည့်နေရာမှာခိုးငိုနေပြီဟု ထင်မြင်လာမိသည်အထိ။

တခြားနည်းလမ်း ရွေးချယ်စရာမရှိသည်မှာ စိတ်မကောင်းစရာပင်။ ဤတစ်ကြိမ်တော့ ခြူးမုယွင်ကိုယ်တိုင်က တမင်တကာ နှိပ်စက်နေခြင်းမဟုတ်ပဲ ‘အစားထိုးခြင်း’ အစီအရင်အတွက် ကြိုတင်စီစဉ်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။

လင်းရွှမ်၏ မူလခန္ဓာကိုယ်ထဲမှ ဝိဉာဉ်အပိုင်းအစတစ်ခုကို အရင်ဆုံးခွဲထုတ်ရလိမ့်မည်။ ပြီးလျှင် ထိုဝိဉာဉ် နေထိုင်ရန်အတွက် ‘အစားထိုးခန္ဓာကိုယ်’ တစ်ခု ရှာဖွေရချေဦးမည်။ နောက်ဆုံးအဆင့်အနေဖြင့် အချိန်အကုန်ခံ၍ ထိုဝိဉာဉ်ကို အားဖြည့်ပျိုးထောင်ပေးရန် လိုအပ်နေသေးသည်။

(TN : တရုတ်လူမျိုးတွေရဲ့ ယုံကြည်မှုအရ လူတစ်ယောက်မှာ ရုပ်ဝိဉာဉ် ၃ ပါးနဲ့ နာမ်ဝိဉာဉ် ၆ ပါး ရှိပါတယ်တဲ့။ အဲ့ထဲက တစ်ခုကို ခြူးမုယွင်ကယူပြီး တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ပျိုးထောင်ချင်တာပါ။ လင်းရွှမ်က လောလောဆယ် အစီအရင်ရဲ့သော့ချက် ဖြစ်နေတဲ့အတွက် ဂူထဲကနေ ထွက်သွားလို့မရပါဘူး။ ရလည်း ခြူးမုယွင် အစီအရင်ကိုဖိနှိပ်ထားတဲ့ တစ်ခဏပါပဲ။ အဲ့တာကြောင့် လင်းရွှမ်ကို ထာဝရ လွတ်မြောက်စေချင်ရင် သူ့နေရာမှာ တခြားလူတစ်ယောက်နဲ့ အစားထိုးရမှာပါ။ ဒီအစီအရင်မှာ ‘အစားထိုးခန္ဓာကိုယ်’အပြင် နောက်ထပ် ‘စတေးခံ’ရမယ့်လူက သပ်သပ်ရှိပါသေးတယ်။ နားလည်မယ်လို့ မျှော်လင့်ပါတယ်နော်။)

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now