77

4K 811 11
                                    

Unicode

ဆေးပင်ကို ရှဲ့ချင်းလန်ထံ လက်လွှဲပေးပြီးနောက် ရှန်ရွှိန်ယန်းက အခန်းထဲဝင်ရန် ပြင်လိုက်သည်။ သို့သော် သူ့ကို တစ်ခါလေးမှ တားဆီးခြင်းမရှိခဲ့ဖူးသော အကာအကွယ်စည်းသည် ယခုတော့ ဟန့်တားနေခဲ့လေပြီ။

လမ်းတစ်လျှောက် မနားတမ်း အပြေးလာခဲ့ရသည့်တိုင် တစ်ချက်လေးပင် မမောပန်းနိုင်ခဲ့သော ရှန်ရွှိန်ယန်းခမျာ အတားအဆီး၏ ဟန့်တားမှုကြောင့် မျက်ဝန်းများထဲတွင် ဝမ်းနည်းရိပ်များ ဖြတ်ပေးသွားခဲ့ရ၏။ သို့သော် အနားမှာ တခြားလူတွေလည်း ရှိနေသေးတာကြောင့် ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။ အခန်းပြင်ပ၌သာ အေးစက်စက် အမူအရာမျိုးဖြင့် မတ်တပ်ရပ်နေခဲ့တော့သည်။

ရှဲ့ချင်းလန်က ပြောလာသည်။

“ခေါင်းဆောင်ကြီးရဲ့အခြေအနေက သိပ်မကောင်းဘူး.. ရက်အနည်းငယ်လောက် တိတ်တိတ်ဆိတ်ဆိတ် အနားယူမှဖြစ်မယ်.. သခင်ငယ်လေး၊ ကျေးဇူးပြုပြီး ပြန်ပါတော့..”

ရှန်ရွှိန်ယန်းက ရှဲ့ချင်းလန်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

ရှဲ့ချင်းလန်က မောက်မာဝံ့ကြွားတတ်သော ဟန်ပန်မျိုးရှိပါသော်လည်း နှိမ့်ချပြောနေသောအခါ နူးညံ့ကြင်နာတတ်ဟန်ပေါ်သည်။

“ခေါင်းဆောင်ကြီးက ပြောတယ်.. သခင်ငယ်လေး ဒီရက်ပိုင်းတွေမှာ အရမ်းပင်ပန်းခဲ့မှာပဲတဲ့.. အဲ့တာကြောင့် နန်းဆောင်ပြန်ပြီး အရင်ဆုံး အနားယူသင့်ပါတယ်..”

ရှန်ရွှိန်ယန်းက နောက်ဆုံးတော့ ပါးစပ်ဖွင့်လာခဲ့သည်။ ကြည်လင်သော အသံလေးတွင် ဒေါသအရိပ်အယောင်များ ရောစွက်လျက်။

“ကျုပ်နဲ့အားယွင်ကိစ္စမှာ ခင်ဗျား ဘယ်အချိန်တုန်းက ကြားဝင်ခွင့်ရှိသွားတာလဲ..?”

ထိုစကားသံထဲတွင် ရန်မူလိုစိတ်များ ပြည့်နှက်နေပါသော်လည်း ရှဲ့ချင်းလန်က အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်။ သူက တုန့်ပြန်ပြောဆိုခြင်းမရှိပဲ အပြုံးလေးဖြင့် လက်ဟန်ပြကာ..

“သခင်ငယ်လေး.. ကျေးဇူးပြုပြီး..”

ရှန်ရွှိန်ယန်းက မျက်နှာလွှဲကာ ခေါင်းကိုမော့လျက်..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now