10

6.8K 1.1K 43
                                    

Unicode

ပုံမှန်ဆိုလျှင် စာရေးဆရာများ၏ ကလေးအရင်းဟူသည်ကား ဝတ္ထုဇာတ်ကြောင်း၏ အဓိကဇာတ်လိုက်ကို ဆိုလိုခြင်းပင်။

သို့သော်လည်း ခြူးမုယွင်က သာမာန်လူတစ်ယောက် မဟုတ်သလို သာမာန်စာရေးဆရာလည်း မဟုတ်ပေ။ ထို့ကြောင့် သူ့ရဲ့သားအရင်းက အဓိကဇာတ်ကောင်ကို ဆိုလိုခြင်းမဟုတ်ပဲ အရေးအပါဆုံး အမျိုးသားဇာတ်ရံဇာတ်ကောင်ကိုသာ ဆိုလိုခြင်းဖြစ်သည်။

ခြူးမုယွင်၏စာရေးဟန်အရ အဓိကဇာတ်ကောင်အတွက် အရာအားလုံးစတေးပစ်နိုင်လောက်သည်အထိ ပံ့ပို့ကူညီပေးနိုင်မည့် ဂေးသူငယ်ကောင်းတစ်ယောက် ရှိကိုရှိသင့်သည်။

"နတ်ဆိုးတို့၏တိုင်းပြည်" ဝတ္ထုသည်လည်း ချွင်းချက်မဟုတ်ခဲ့ပေ။

ခြူးမုယွင်က လိင်တူနှစ်သက်သူဖြစ်ကြောင်း ပြောနေစရာ မလိုအပ်ပေ။ ထို့ကြောင့် ခြူးမုယွင်အတွက် အမျိုးသားဇာတ်လိုက်ကို အမျိုးသမီးဇာတ်လိုက်နှင့် လုံးထွေးနေသည့်အခန်း ရေးဖွဲ့ရသည်မှာ အဖြောင့်တစ်ယောက်ကို လိင်တူချစ်ကြိုက်ခြင်းဇာတ်လမ်း ရေးခိုင်းသည်ထက် ပိုမိုခက်ခဲလွန်းသည်။

မြင့်မြတ်သောခြူးက ကိုယ့်ကိုယ်ကို အမှားမလုပ်လိုသောကြောင့် အမျိုးသမီးဇာတ်လိုက်ကို နှစ်ပေါင်းထောင်ချီသည်အထိ ပဲငံပြာရည်ဝယ်ဖို့သာ ရေသားပေးလိုက်သည်။ ဤသို့ဖြင့် အမျိုးသမီးဇာတ်လိုက်အဖြစ် အပ်နှင်းခံထားရသည့် ထိုတစ်ယောက်မှာ လိုအပ်သည့်နေရာ၌ ထည့်သုံးရမည့် သူငယ်ချင်းကောင်းတစ်ယောက်သာ ဖြစ်လာတော့သည်။

(TN : ပဲငံပြာရည်ဝယ်တယ် *Buy Soy Sauce* ဆိုတာ သိပ်အရေးမပါတဲ့ကိစ္စတွေနဲ့ အချိန်ကုန်သွားရတာကို ပြောချင်တာပါ)

ရိုးသားသည့်စာဖတ်သူများက ထိုအကြောင်းအရာကို သတိမထားမိကြသော်လည်း အမြင်စူးရှလွန်းသည့် စာဖတ်သူတစ်ချို့ကတော့ ရိပ်မိသွားကြသည်။ ထုတ်မပြောကြပေမယ့် စိတ်လှုပ်ရှားနေကြတော့သည်။

ထိုဇာတ်ရံကောင်လေးအား အမျိုးသားတွဲဖက်ဇာတ်လိုက်အဖြစ် Bl Fanservice လုပ်ပေးရန် တောင်းဆိုလာကြတော့သည်။ ခြူးမုယွင်က ဇာတ်ရံကောင်လေးကို အဓိကဇာတ်ကောင်အပေါ် သဘောကြီးပြီး ကြင်နာတတ်သည့်ပုံစံမျိုး ရေးဖွဲ့ခဲ့သော်လည်း အမှန်တကယ်တော့ ဘယ်သောအခါမှ စည်းကျော်မည်မဟုတ်ပေ။ ရေဒီယိုနှင့် TV ပေါ်တွင် တွေ့မြင်နိုင်သည့် "Bromance" ညီအစ်ကိုလို ဖြူစင်သည့်အချစ်မျိုးသာ ရေးဖွဲ့ထားခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now